[Unicode]
"Yah... Lee Chaeyeon ရောက်နေပြီ.. အတန်းထဲမှာ"
Lee Chaeyeon ဆိုသည်နှင့် Sakura တစ်ယောက် ဂိမ်းဆော့နေရာမှ ချက်ချင်းခေါင်းထောင်လာတော့သည်... ကျောင်းပိတ်ရက်တွေမှာ သူ့ကို မတွေ့ရလို့ တကယ်ကို သတိရနေတာ... သူ့ရဲ့ Dance Practice Video တွေကြည့်ရတာ အခေါက်ပေါင်းမနည်း... ခိုးရိုက်ထားတဲ့ ပုံတွေကြည့်ရတာလည်း အမူအရာ သေးသေးလေးတွေကအစ အလွတ်ရနေပြီ...
"ဘာလုပ်နေတာလဲ... သွားမယ်..."
သူငယ်ချင်းဖြစ်သူ Kim Chaewon ခေါ်မှပဲ သတိဝင်လာကာ သတိဝင်မိတော့သည်...
သူ့အတန်းရှေ့ရောက်တော့ ထုံးစံအတိုင်း နားကြပ်ကလေးတပ်ပြီး စာလုပ်နေလေရဲ့... WM entertainment ရဲ့ Trainee တစ်ယောက်ဖြစ်တဲ့ သူက Idol တစ်ယောက် သိပ်ဖြစ်ချင်တာလေ... ကျောင်းရောက်ရင်တော့ နားကြပ်ကလေးတပ်ပြီး စာလုပ်နေတတ်တာ သူ့အကျင့်... ဒါမှမဟုတ် သူ့သူငယ်ချင်း Kang Hyewon ရယ် Choi Yena ရယ်နဲ့ ရယ်မောပြီး စကားတွေ ပြောနေရင် ပြောနေတတ်သည်... အဲ့လိုမှ မဟုတ်ရင် ခုံပေါ်မှာ မှောက်အိပ်နေတတ်တယ်... အဲ့ဒီအချိန်ဟာ ရင်ကို ပူလောင်စေတဲ့ အချိန်ပေါ့.. ဘာလို့လဲဆို Uri Chaeyeonie အဲ့လိုအိပ်နေရင် သူအရမ်းပင်ပန်းနေလို့လေ...
အခုနားကြပ်ကလေးတပ်ပြီး စာလုပ်နေတော့ တော်ပါသေးတယ်... Chaeyeonie ကောင်းကောင်း နားခဲ့ရတယ် ထင်ပါတယ်....
ထုံစံအတိုင်း ph လေးထုတ်ကာ သူ့ဓာတ်ပုံလေးကို အမိအရ မှတ်တမ်းတင်လိုက်သည်... သူ့ပုံလှလှလေးတွေကို ခိုးရိုက် ပြီးရင် print ထုတ် အခန်းနံရံတွေမှာ ကပ်ထားရတာ သူ့ရဲ့ တာဝန်လိုကို ဖြစ်နေပြီ...
"ခဏနေ အတန်းတတ်ရတော့မယ်... သွားကြစို့..."
Chaewon တစ်ယောက် သတိပေးတော့မှ Sakura အချိန်တွေကုန်သွားမှန်းသိတော့သည်...
တကယ်တော့ အလွမ်းမပြေသေးဘူး... သူ့ကို ထပ်ကြည့်နေချင်သေးတယ်... ဒါပေမယ့် ရပါတယ်... အတန်းတွေ ဆင်းရင် သူ့ကို လာကြည့်လို့ရသေးတယ်...
*****
"တကယ်လို့ Chaeyeon သာ နင့်အခန်းကို မြင်ရင် လန့်သွားအုန်းမယ်... စုံထောက် ဇာတ်ကားထဲကလိုပဲ... သူနဲ့ပတ်သတ်သမျှ မှတ်တမ်း တင်ထားပြီး အခန်းမှာကပ်ထားတယ်... ငါတော့ Chaeyeon အစား ကျောချမ်းလိုက်တာ..."