SEVEREST PAIN

820 41 1
                                    

(One shot)
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

17.3.2019

အဲ့နေ့လေးဟာ ကျွန်တော့်ရဲ့ နှလုံးသားလေးကို လှုပ်ရှားစေတဲ့ သူ နဲ့တွေ့တဲ့နေ့...

တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ အချစ်ဦးလေးနဲ့ တွေ့တဲ့နေ့ပေါ့...

ဒါပေမဲ့ သူ ကိုယ်တိုင်ကပဲ ကျွန်တော့်နှလုံးသားလေးကို ဖျက်စီးခဲ့တာပါ...

ကျွန်တော် သူ့ ကို မမေ့နိုင်သေးသလို အဲ့နေ့လေးကိုလည်း မမေ့နိုင်သေးပါဘူး...

Back to the time... ( Jimin pov: )

အဲ့နေ့က ကျွန်တော် နမ်ဆန်းတာဝါကို သွားခဲ့တာပါ..

ကျွန်တော် အရင်ကလဲ တနင်္ဂနွေနေ့တိုင်း နမ်ဆန်းတာဝါရှေ့ကို သွားနေကျပါပဲ...

ဒါပေမဲ့ အဲ့နေ့တုန်းက ကျွန်တော်သာ မသွားခဲ့ရင် အခုချိန် ကျွန်တော့်နှလုံးသား နာကျင်နေရမှာ မဟုတ်သလို ကျွန်တော်လည်း အေးအေးချမ်းချမ်း နေနိုင်ခဲ့မှာပဲ...

ကျွန်တော် သွားခဲ့လို့သာ သူ နဲ့တွေ့ရတာပေါ့..

အဲ့လို သူ နဲ့တွေ့ခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို တစ်ခါတလေ ကျေးဇူးတင်မိသလို...

သူ နဲ့ကွဲအောင် လုပ်ခဲ့တဲ့ ကံကြမ္မာကို ကျွန်တော် အရမ်းမုန်းမိတယ်...

ကျွန်တော် သွားရတဲ့ အကြောင်းအရင်းက နမ်ဆန်းတာဝါ အောက်မှာ စနေနဲ့ တနင်္ဂနွေနေ့ ရောက်တိုင်း street dancer group က လာကနေကျ...

ကျွန်တော်က တနင်္ဂနွေနေ့တိုင်း အဲ့မှာ သွားကလေ့ရှိတယ်...ကျွန်တော်က အကဝါသနာ ပါတယ်...

အဲ့အတွက် ကျွန်တော် အဲ့မှာ ခဏခဏ သွားကဖြစ်ရာက အခုတော့ အားတဲ့အချိန်တိုင်း သွားကဖြစ်တဲ့အထိပါပဲ...

ပြီးတော့ ကျွန်တော့် ဝါသနာအတိုင်း အတော်ဆုံး dancer တစ်ယောက်ဖြစ်အောင် လုပ်ဖို့က ကျွန်တော့်အိပ်မက် ဖြစ်ခဲ့တယ်...

ကျွန်တော့်အိပ်မက်တွေကို ဖျက်စီးမဲ့ သူ နဲ့မတွေ့ခင် အထိပေါ့...

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

" In San hyung "

" Jimin လာပြီလား "

Severest PainWhere stories live. Discover now