Pain OF Love-2

10 0 0
                                    

လပိုင်းလောက်ကျောင်းတက်ရက်ရှည်လာသောကြောင့် ရှိန်းနေရောင်နဲ့လဲ သူမ ခင်လာပါသည်
ရှိန်းက တည်ငြိမ်တယ် ယောကျာ်းပီသပေမဲ့စာကတော့ လိုက်မလုပ်တတ်ပါ အမြဲလိုလို အလင်္ကာဆီက စာမေးရသူဖြစ်သည်
ထိုကဲ့သို့ဖြစ်နေသည်ကိုမကျေနပ်သည်က အလှဘုရင်မ ရတီသွေးစက်

ကျောင်းတက်လျှင် ခွန်းနေးက အလင်္ကာကိုလာခေါ်နေကြဖြစ်သော်လဲ ယနေ့မှာ နေးရောက်မလာသောကြောင့်

"အန်တီလေး အန်တီလေး "

"ဟေ သမီးလာလေ "
ပါးစပ်ကသမီးလေးခေါ်လိုက်ပေမဲ့ စိတ်ထဲကမပါချေ သူမသည်လဲ အလင်္ကာနဲ့ပြသနာတတ်ဖူးသည်မဟုတ်လား

Flash Back
"သမီးကို ဒါလေးပေးပါ ဒေါ်ဒေါ် "
ကလေးတယောက်မှ ဟင်းစားဝယ်နေခြင်း

"အမရေ ကျမကိုဒါတေအကုန်ပေးပါနော်"
နေး၏မေမေဖြစ်သည်

"ဒေါ်ဒေါ်အကုန်ထည့်မပေးနဲ့လေ သမီးအရင်ယူတာကို ဈေးကလဲပွဲနေပြီ ဘယ်မှာမှလဲဝယ်လို့ရမှာမဟုတ်ဘူး ဟင့်"

အလင်္ကာသည်တည်ငြိမ်ပုံရသော်လဲမဟုတ်မခံစိတ်ရှိသည် သူ့ရှေ့ကမြင်ကွင်းသည် နေးရဲ့မေမေ ဖြစ်နေသည်ဆိုသော်ငြား သူမမျက်ကွယ်မပြုနိုင်

"ကလေးလေး မငိုပါနဲ့ ဘာလို့ငိုနေတာတုန်း"

"မေမေက ဟင်းစားမပါလာရင်ဆူမှာ အဲ့တာ ဟင့်..... "

"ကဲ မမပြောပေးမယ် "
ကလေးမလေးလဲပျော်၍အငိုတိတ်သွားပြီးခေါင်းညိတ်ပြလိုက်သည်

"ဒေါ်ဒေါ် သမီးအကုန်မြင်တယ် ဒီကလေးအရင်ဝယ်နေတာကို အဲ့တာကြောင့်သူဝယ်တဲ့ အချိန်အဆကိုပေးလိုက်ပါ နေးရဲ့မေမေက လူကြီးဆိုတော့ လျော့ပေးလိုက်ပါနော် "

သူမသည်ကလေးတယောက်ရဲ့စကားကိုနားထောင်မည်မဟုတ်ပါ
"ငါကဘာလို့လျှော့ရမှာလဲ ပိုက်ဆံပေးဝယ်တာလေ ဒီကလေးကသာ ငါ့ကိုလျှော့ပေးရမှာ"

အလင်္ကာရဲ့ဗီဇပေါ်လာပြီဖြစ်သည်
"အန်တီ မပေးရင် အန်တီက လူစိတ်မရှိတဲ့သူဖြစ်မှာပေါ့ နားလည်ပေးသင့်တယ် "

ထိုအချိန် အလင်္ကာရဲ့အမေရောက်လာသည်
"ဟဲ့ ဒီကလေးနှယ့် လူကြီးကိုရိုင်းရိုင်းစိုင်းစိုင်းတေမပြောရဘူးလေ နင်အဖေနဲ့တိုင်မှဖြစ်မယ် လာခဲ့"

You've reached the end of published parts.

⏰ Last updated: May 08, 2019 ⏰

Add this story to your Library to get notified about new parts!

Pain Of Love Where stories live. Discover now