'' ဟိုး ''

58 3 0
                                    

အဲ့ဒီနေ့တွေတုန်းက
ရိုးသားမှုတွေဟာ နေရာအနှံ့ပြန့်ကြဲလို့
ကြယ်တွေမြင်တိုင်း လက်ချိုးရေခဲ့တဲ့နေ့တွေပေါ့...

၅၀တန်ရေခဲထုပ်မှာပါတဲ့ ဆိုးဆေးတွေက
၁သောင်းတန်ကို လက်ကမချတဲ့လူတန်းစားလောက်
ကြောက်ဖို့မကောင်းပါဘူး...

ထုပ်စီးထိုးရင်း အိပ်ရာဝင်ခဲ့တဲ့ နေ့တွေအကြောင်း တွေးမိမှ
လတ်တလောညတွေမှာ မျက်ရည်မခြောက်မှန်း သတိထားမိတယ်..

နှလုံးသားက ဒဏ်ရာဟာ ဘာအတွက် အမာရွတ်ကျန်နေမှန်း
မမှတ်မိလောက်တဲ့အထိ ခံစားမှုက ပျောက်ကွယ်နေတော့

ပုံချပ်တွေထပ်ရင်း အနိုင်ရလို့ပျော်နေတဲ့ ကလေးလေးကို
လွမ်းဆွတ်မိတယ်...

တစ်ရက်ထက်တစ်ရက် ပိုရလာတဲ့ နာကျင်မှုတွေဟာ
မင်း ပိုသန်မာစေမယ့် ထောက်ပံ့မှုတွေပါ ကလေးရယ်......။

#Tracer

March 9, 2019

" NOTE "Where stories live. Discover now