"ဆယ်ဟွန်းးး!!!! "
နောက်ကနေ ထွက်လာတဲ့ အသံကြောင့် ကောင်လေးကိုယ်လုံးတုန်တက်သွားကာ...မျက်လုံးကြည်ကြည်လေးတွေနဲ့လှည့်ကြည့်လာသည် ။
" ကိုကို~"
ချန်းယောလ် ကိုလည်းမြင်ရော....ဆယ်ဟွန်းကို ချောကလက်နဲ့စာပေးနေတဲ့ကောင်လေးကလျင်ခနဲထွက်ပြေးသွားသည် ။ မသွားလို့လည်းမရ.... ကျောင်းသားခေါင်းဆောင် တကယ့်လက်ရဲဇာတ်ရဲ ပတ်ခ်ချန်းယောလ်ရဲ့အပိုင်ကိုမှသွားထိမိသည်မဟုတ်လား?
" မင်းကို ငါဘာမှာထားလဲ ဆယ်ဟွန်းး!!! "
ဆယ်ဟွန်း....ကိုကို့ ကိုမော့တောင်မကြည့်ရဲအောင်တုန်ရီနေသည် ။ တစ်ခြားလူတွေနဲ့စကားမပြောရ... ဘာပေးပေးလက်မခံရဘူးလို့မှာထားတာကို သူသိတယ် ဒါပေမယ့် အားနာတက်တဲ့အကျင့်ကြောင့် လက်ခံမိတာ ကံမကောင်းချင်တော့ကိုကိုနဲ့ပက်ပင်းတိုးသည်
" ပြောလေ.... ဆယ်ဟွန်းး!!! ငါစိတ်မတို ချင်ဘူး!!! "
" တောင်း....ဟင့် တောင်းပန်ပါတယ် နောက်မယူတော့ပါဘူး!!! "
ကိုကို့ မျက်နှာက မာထန်နေပြီး.....ဆယ်ဟွန်းကို စိုက်ကြည့်နေတယ် ။ လက်ထဲကချောကလက်ကိုဆက်ခနဲဆွဲယူသွားကာ အောက်ကိုချပြီးခြေထောက်နဲ့နင်းတော့သည် ။
" နောက်တစ်ခါ အဲ့လို သူများပေးတာ လက်ခံကြည့် မင်းအသေဘဲဆယ်ဟွန်းး!!! "
ဆယ်ဟွန်း...နားထင်ကိုလက်ညိုးနဲ့တွန်းထိုးကာ ပြောတော့ ခေါင်းကိုပြုတ်မတက်ငြိမ့်ပြလိုက်ရတော့သည် ။
သူ ကိုကို ချန်းယောလ်ကိုအရမ်းကြောက်ရတယ်... အသက်ငါးနှစ်လောက်ကွာသော်လည်း သူ့ကိုဆိုအမြဲဗိုလ်ကျအနိုင်ယူတက်သည် ။
အိမ်ချင်းကပ်ရပ်ဖြစ်နေရုံသာမက မိဘချင်းကလည်းအရမ်းရင်းနှီးနေတော့....ဆယ်ဟွန်းမိဘတွေက ချန်းယောလ်ကိုယုံကြည်ပြီးအပ်ထားကြသည် ။
ဖြူဖြူနုနုလေး စာလည်းတော်တာကြောင့်ဆယ်ဟွန်းကို ကြိုက်တဲ့သူများသော်လည်း ချန်းယောလ်ကိုကြောက်၍ အနားမကပ်ရဲကြပေ... ။" ဆယ်ဟွန်း....မင်း ကိုကိုဆူလိုက်ပြန်ပြီလား?? "
" မင်ဆော့... ငါ ငါကြောက်တယ် ကိုကိုအရမ်းဒေါသထွက်နေတာ ဟင့်~! "