Gentleman 's cute girl EP(3)

188 19 9
                                    


မိုးစင်​စင်​လင်းပြီ​လေ........
ကျေးငှက်​တို့ရဲ့သဘာဝ ကျီကျီကျာကျာနှင့်အစာရှာ​နေပြီ​ပေါ့

Kookieတစ်​​ယောက်​က​တော့ အိပ်​ယာထဲမှာ ​ခြေကားယားလက်​ကားယားဖြင့်​ အိပ်​မက်​ကမ္ဘာထဲ​ရောက်​​နေသည်​ထင်​ပါရဲ့...

Kookie:ဟွင်း... (နားငြီးတယ်​)

ငှက်​​တွေက​တော့ စင်​ဒရဲလားကားထဲကလိုသီချင်း​တွေသီဆို​နေသည်​လား​တော့မသိ။

ကိုယ်​ကစင်​ဒရဲလားမှမဟုတ်​ဘဲ။ သူတို့ပိကျိပိကျိ​အော်​သံ​တွေကိုနားမခံနိုင်​ပါဘူး။ ညကညဉ့်​နက်​မှာအိမ်​ပြန်​​ရောက်​လိုအိပ်​​ရေးပျက်​ရတဲ့အထဲ သူတို့က ကျလိကျလိနဲ့ ဘာမှန်းမသိ အိပ်​မရဘူး။

Kookie: ဟူးး ပြန်​အိပ်​လို့လဲမရ​တော့ပါဘူး

ဆိုပြီး ရေချိုးခန်းထဲဝင်​သွားသည်​။

Kookieတစ်​​ယောက်​ ​ရေပန်း​အောက်​မှာ​ရေချိုး​နေရင်​ ညကအ​ကြောင်းက အ​တွေး​ရောက်​လာသည်​။
ညကသူ​ကြောက်​​နေခဲ့တာ အမူးသမားရဲ့ သူငယ်​ချင်းလား ဘာလားမသိ အဲ့လူကြီးလာ​ပေလို့​ပေါ့
လာသာမလာရင်​ သူ​တော့ယုန်​ဘဝ​ပြောင်းပြီထင်​ပါရဲ့။

နောက်​ဆို club ဆိုရင်​ ဘယ်​ clubမှမသွားဘူး။
နောက်​တစ်​​ခေါက်​သာထပ်​သွားရင်​လဲ ​ခွေးလို့များအ​ပြောခံရမလားမသိ။

အာ....ဒါနဲ့ အမူးသမားကို လာ​ခေါ်တဲ့ သူက​တော့ မဆိုးဘူး ​ချောသား အဟီး။

ထိုစဉ်​ 

Suzy: jeon kookie​ရေ... မထ​သေးဘူးလား

အောက်​ထပ်​မှ အ​မေ​အော်​သံကြီးကိုကြားပြီးအ​တွေးတို့ကိုရပ်​ပစ်​ကာ​ရေကိုသာအမြန်​ချိုးလိုက်​ရတော့သည်​။
.....................

Kookieတစ်​​ယောက်​​ရေမိုးချိုးပြီး အိမ်​​နေရင်းအဝတ်​အစားကိုသာဝတ်​ကာထမင်းစားခန်းထဲဝင်​လာသည်​။

ထမင်းစားပွဲ၌ဝင်​ထိုင်းရင်း ​ကော်​ဖီနှင့်​ ကိတ်​မုန့်​ကိုသာစား​နေလိုက်​သည်​။
သူ​မ ရေချိုးတာ ဘယ်​​လောက်​ကြာသွားလဲ​တော့မသိ ​ကော်​ဖီက ​အေး​တောင်​​နေပြီ။

Gentleman's Cute GirlWhere stories live. Discover now