ဘာဂလိုတိုတိုနဲ့ ပရိုမိုးရှင်းကာလတော့ ပြီးဆုံးသွားခဲ့ပါပြီ။
ပျော်စရာကြီးပေါ့နော်။ ပျော်တာပေါ့။ ပရိုမိုးရှင်းပြီးသွားတဲ့နောက် လုပ်ပေးရမယ့်ကာဗာတွေက ပိုက်ဆံရမယ့်ဟာတွေကိုးလို့။
ပရိုမိုးရှင်းကာလအတောအတွင်းမှာ အစမ်းလာအပ်ကြတဲ့ respectable author များဖြစ်တဲ့ Xunqithaw, Yukie_BY64, ShinNoe61, Poe_Poe_Pouk_Pouk, YitLone94, Cynthia Chuu, YiHaung, Eain_Si, Y94Carolyn, MoeLay94, Kim_Dora နဲ့ Ohshunnhan တို့ကို တကယ် ကျေးဇူးတင်ပါတယ်။
နှစ်ထပ်ကွမ်း လာအပ်တဲ့ အစ်မ Xunqithaw နဲ့ Yukie_BY64 တို့ကိုလည်း ကိုယ့်ကို ယုံကြည်ပေးတဲ့အတွက် ထပ်မံပြီး ကျေးဇူးတင်ချင်ပါတယ်။
ကိုယ်လုပ်ပေးတာကို သဘောတွေခွေ့ပြီး စာအုပ်ကာဗာဖိုးပါ ပေးသွားတဲ့ ShinNoe61 ကို လည်း အထူး ကျေးဇူးတင်ပါတယ်။ ကိုယ် ဘိုင်ပြတ်ချိန်မှာ ဘေလ်ဖိုးကို ကြင်နာစွာ မ,စသွားလို့ပါ။ တကယ် ကျေးဇူးတင်တယ်နော် သိလား 😆 ကိုယ် ရက်တော်တော်ကြာအောင် သုံးလိုက်ရတယ်။
ကာဗာအပ်သူတို့ကို ကျေးဇူးတင်ပြီးတဲ့နောက် အားပေးထောက်ခံခဲ့သူ မိတ်ဆွေသူငယ်ချင်းများနဲ့ ဆရာသခင်ကျေးဇူးရှင်များကို ကျေးဇူးတင်စကားပြောဖို့ အချိန်ရောက်လာပါပြီ။
ကာဗာတစ်ခုလုပ်ပြီးတိုင်း သွား,သွားကြွား (အဲလေ) သွား,သွားပြရင် စိတ်ရှည်သည်းခံစွာနဲ့ သို့သော်လည်း ရှည်သောစိတ်နဲ့ဆန့်ကျင်စွာ တိုတိုတုတ်တုတ်ပဲ review ပေးတတ်သော မမယုအာ (you know who you are 😉)
ကိုယ်ကလည်း သူ့ရဲ့ဖန်၊ သူကလည်း ကိုယ့်ရဲ့ဖန်၊ အပြန်အလှန် ယပ်တောင်ခတ်ကြသော.. ကိုယ့်ကာဗာများ သွားပြတိုင်း ဘယ်ဟာက ဘယ်လိုကောင်းတယ် ပြောပြတတ်သော.. အစ်မကြီး စုစုထက်။
ပေါ်တင်ပဲ ကြွားကြွား၊ မသိမသာပဲ ရှိုးရှိုး တစ်ခုချင်းစီ စေ့ငုစွာ ဝေဖန်သုံးသပ်ပေးတဲ့ အဆွေတော် Cherry Zaw
ကိုယ့်ရဲ့အကြွားသန်မှုကို ခါးစည်းခံ (အမှန်တော့ ဥပေက္ခာပြုကာ) ကာ ကာဗာများကို ထင်ရင်ထင်တဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်း ကွက်ကွက်ကွင်းကွင်းပင် ထောက်ပြဝေဖန်ပေးသော ချစ်သူငယ်ချင်းကြီး Rihyeon
အဆုံးသတ်အနေနဲ့ သင်ဆရာ၊ chat ဆရာ (messenger ကနေတစ်ဆင့် သင်ခန်းစာတွေ ပို့ချလို့ပါနော်) အစ်မ Akarin_XC ကို သူ့ရဲ့စိတ်ရှည်လက်ရှည် သင်ကြားပြသပေးမှု၊ ကိုယ့်ရဲ့မေးခွန်းပေါင်း သောင်းခြောက်ထောင်ကို မညည်းမညူဖြေကြားပေးမှု၊ ရှီဖူလို့ အခေါ်ခံမှုတို့အတွက် အင်မတန်မှကို လေးစားလှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်သာ ကိုယ်ဟာ cover လုပ်ငန်းခွင်မှာ လူလားမြောက်ခဲ့ခြင်းပါ။ fic ရေးခြင်းမှာလည်း သူ့ဆီကနေ ကိုယ် ပညာယူနေဆဲပါ။
အခု ကျေးဇူးတင်စရာရှိသူတို့အားလုံးကို တင်ပြီးသွားပြီဆိုတော့ဈေးနှုန်းကိစ္စဆက်ကြတာပေါ့ကွယ်။
ကိုယ်ကတော့ ပရိုမိုးရှင်းကာလတုန်းက လက်စွမ်းတွေပြခဲ့ပြီးပြီဖြစ်လို့ ကာဗာဖိုးကို fic တစ်ခုအတွက် (၁၀၀၀) ယူမယ်လို့ စဉ်းစားထားပါတယ်။ ကာဗာကို ထုံးစံမပျက် နမူနာသုံးပုံ (သို့) လေးပုံ လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုမှ မလုပ်ချင်လည်း တစ်ထောင်ဖိုးကို fic သုံးခုအတွက် ကာဗာသုံးခု လာအပ်ချင်ရင်လည်း ရပါတယ်။ အဲဒီအခါကျရင်တော့ နမူနာကို fic တစ်ခုအတွက် တစ်ပုံပဲ လုပ်ပေးလို့ ရတော့မှာပါ။ နောက်ပြီးတော့ ပြောချင်တာတစ်ခုက ကာဗာအပ်ရင် ပိုက်ဆံအရင်ပေးကြပါလို့။ ပုံရှာရတာက တော်တော် ဘေလ်စားလို့ပါ။
ဈေးညှိချင်ရင်လည်း ရတယ်။ ကိုယ့်ကို messenger မှာ လာပြောပေါ့ကွယ်။ ကျိုးကြောင့်သင့်တင့်ရင် လျှော့ပေးမှာပါ။ ကိုယ် မရက်စက်တတ်ပါဘူး 😊
ဒါပါပဲ။ ကိုယ့်မှာတော့ ပြောစရာကုန်ပါပြီ။
~•~
စာကြွင်း။ ။ပရိုမိုးရှင်းကာလတုန်းက ကာဗာ လာအပ်ထားတဲ့သူတွေကိုတော့ ပရိုမိုးရှင်းကာလ ကျော်သွားပေမယ့် အလကား လုပ်ပေးလိုက်မှာပါ။ အဲဒီနောက်ပိုင်းမှ လာအပ်ရင်တော့ ငွေပေးရပါမယ်။ 😄