ကျွန်တော်က အသက်ခြောက်နှစ်အရွယ်ကလေးလေးတစ်ယောက်ဖြစ်ပြီး Coulrophobiaရှိတဲ့ ကောင်လေး မင်ယွန်းဂီပါ ။ တခြားကလေးများနည်းတူ ကားရုပ်ဖြင့် ဆော့ရတာကို ကြိုက်နှစ်သက်တယ် ။ ဒါပေမယ့် ကျွန်တော်ဟာ တခြားကလေးများထက်တော့ နည်းနည်းလေးဆိုးသည်ဟု အစေခံများက တီးတိုးပြောကြ၏ ။ ဒါဟာ အတင်းသက်သက်ပါ ။
တခြားကလေးတွေကို လုပ်တာ ၊ မာမီရဲ့ နှုတ်ခမ်းနီတွေကို ချိုးပစ်တာ ၊ ဒယ်ဒီရဲ့ အလုပ်စာရွက်တွေပေါ်ပုံဆွဲတမ်းဆော့တာ ၊ အစေခံမလေးတွေကို တူတူပုန်းတမ်းဆော့တာကလွဲရင် ကျွန်တော်သည် တခြားကလေးတွေလိုပဲ မထူးဆန်းတဲ့ကောင်လေးတစ်ယောက်ပါပဲ ။ တခြားကလေးတွေလို အာကာသယာဉ်တွေကို သဘောကျတယ် ၊ မိုးချုန်းရင်လည်း ကြောက်တတ်တယ် ပြီးတော့ အခုထိ အိမ်ကတစ်ယောက်ယောက်မပါပဲ အပြင်မသွားရသေးတဲ့ ခြောက်နှစ်သားလေးတစ်ယောက်ပါပဲ ။
ဒယ်ဒီကတော့ပြောသည် ငါ့သားက ငါ့ရဲ့ရာထူးကို ဆက်ခံမှာတဲ့ ။ ထိုသို့ပြောတိုင်း မာမီက သဘောတကျ ရယ်တတ်သည် ။ ဒါပေမယ့် ဘာလုပ်မှာလဲ ကျွန်တော်ဟာ အခုချိန်ထိ အဆော့မက်ပြီး ဆရာမတွေကိုကြောက်တဲ့ ကလေးလေးတစ်ယောက်ဖြစ်နေတုန်းကို ။
အခန်းထဲက ပြတင်းပေါက်ကနေ ကြည့်နေရင်း ခြံထဲကို ဝင်လာတဲ့ ကားတစ်စီးကြောင်း ကျွန်တော် အိမ်အောက်ကို ပြေးဆင်းသွားသည် ။ အထိန်းတော်ကြီးက ချော်လဲလိမ့်မယ်ဟု အနောက်ကနေ အော်လိုက်လာသော်လည်း ဆင်းနေကြဖြစ်တဲ့ လှေကားကို ချော်မလဲအောင်တော့ ကျွန်တော်ဆင်းတတ်နေပြီဖြစ်သည် ။
"ဒယ်ဒီ ! "
ကားထဲကထွက်လာတဲ့ ဒယ်ဒီကို ပြေးဖက်လိုက်တော့ ဒယ်ဒီက ပွေ့ချီလိုက်သည် ။ ကျွန်တော်ရဲ့ ခြေထောက်လေးတွေနဲ့ ဒယ်ဒီပေါ်ကို တွန်းတက်ကာ ပခုံးပေါ်သို့ ခွထိုင်လိုက်သည် ။ အဲ့တာကိုတွေ့တော့ စာထိုင်ဖတ်နေတဲ့ ဘွားဘွားကြီးက မျောက်နဲ့လောက်နဲ့ စပ်မွေးထားတာတဲ့။ ဘွားဘွားကြီးက စကားအဆန်းတွေပြောတတ်သည် ။
"ဒယ်ဒီ မာမီရော "
"မာမီက အလုပ်ရှိသေးလို့ နောက်ကျမယ်တဲ့ "
ဆိုဖာပေါ်ကို ထိုင်လိုက်တဲ့ ဒယ်ဒီကြောင်း ကိုယ်ပေါ်ကနေဆင်းကာ
YOU ARE READING
Coulrophobia {Eden Contest }
Fanfictionကတိပေးတယ်...ကိုကို့ဆီကို သား သေချာပေါက် ပြန်လာခဲ့မှာ ...