"..ဟင့် .."
အိပ်နေရာကနေ ညည်းနေတဲ့အသံကြားတာကြောင်း ထကြည့်မိတော့ ဘေးနားက ကလေးလေးဟာ ချွေးတွေစိုရွဲနေလေသည် ။ အမြန်ထကာ နဖူးကိုစမ်းလိုက်တော့ ကိုယ်ပူချိန်က မီးခဲအလား ။ အမြန်ထ,ကာ ရေဝတ်ပြင်ပြီး တစ်ကိုယ်လုံးကို ရေပတ်တိုက်ပေးပြီး အင်္ကျီလဲပေးကာ နဖူးပေါ်ရေဝတ်ကပ်ပေးလိုက်ပြီး ကလေးလေးနားကို ထိုင်ချလိုက်သည် ။ ခုနက အရမ်းလန့်သွားတာအပြင် ခိုက်မိထားတဲ့ ဒဏ်ရာရယ်ကြောင်း ဖျားသွားသည် ထင်၏ ။
တစ်နာရီလောက်ကြာသော်လည်း ကလေးလေးက မသက်သာတာကြောင်း ကလေးလေးကို ပွေ့ချီက ဆေးရုံသို့ပြေးရသည် ။ လမ်းတစ်လုံးတွင် ကလေးလေးကို ဖက်ထားရင်း တောင်းပန်ပါတယ်ဆိုတာကိုသာ တဖွဖွပြောနေမိသည် ။
"ကလေးက အဖျားပိုးဝင်သွားတာပါ မေးခိုင်ကာကွယ်ဆေးတော့ထိုးရအုံးမယ် အခုတော့ ကိုယ်ပူကျဆေးနဲ့ အဖျားပျောက်ဆေးထိုးပေးထားတယ် ခုနနေတစ်ချက်လာကြည့်ပေးပါ့မယ် "
ဆေးထိုးပေးပြီး လိုအပ်တာတွေပြောကာ ထွက်သွားတဲ့ ဆရာဝန်နောက်တွင် ဘေးနားလေးက ထိုင်ခုံမှာ ထိုင်ချကာ ဆံပင်လေးတွေကို သပ်တင်ပေးရင် ထပ်တောင်းပန်မိပြန်သည် ။ ကျွန်တော့်ကြောင့်သာ...ကျွန်တော်သာ ကလေးလေးကို တစ်ယောက်တည်းမထားခဲ့လျှင်..။
"ကိုကိုက တောင်းပန်ပါတယ် ကလေးရယ် "
ကျွန်တော်ပြောကာ သူ့ရဲဆေးသွင်းထားတဲ့ လက်သေးသေးလေးကို ဖွဖွလေးဆုပ်ကိုင်ထားပေးမိသည် ။ ကျွန်တော့်ကြောင့်သာ ကလေးလေး ဒီလိုအနာခံနေရတာ ။
ကလေးလေးကိုကြည့်နေရာကနေ အိတ်ထဲကနေ ဖုန်းမြည်လာတာကြောင်း ဖုန်းကိုထုတ်ကာ ကိုင်လိုက်သည် ။
"ဟယ်လို..."
"ဟုတ်...တွေ့ပြီလား "
ဖုန်းဖြေနေရာကနေ ကလေးလေးကို တချက်ကြည့်လိုက်မိသည် ။ ကလေးလေးရဲ့ မိဘတွေကို ဆက်သွယ်လို့ရပြီတဲ့ ။
"ဟုတ် ကျွန်တော်အခု ပြည်သူ့ဆေးရုံမှာပါ "
"သူ ဖျားနေလို့ပါ...ဟုတ် အန်တီတို့လာတဲ့အထိ စောင့်ပေးပါ့မယ် ..ဟုတ် ..ကျေးဇူးပါ "
YOU ARE READING
Coulrophobia {Eden Contest }
Fanfictionကတိပေးတယ်...ကိုကို့ဆီကို သား သေချာပေါက် ပြန်လာခဲ့မှာ ...