စီးပွားရေး မေဂျာ က ကျောင်းသား ကျောင်းသူများ အိမ်ထောင်စုစာရင်း ကောက်ရန်အတွက် လေ့လာရေးခရီး ထွက်ဖို့ နောက်ဆုံးကောက်ချက်ချလိုက်တာ ဒယ်ဂူ နဲ့ ဂျယ်ဂျူ။
အုပ်စုနှစ်ဖွဲ့ ခွဲထားပြီး တစ်ဖွဲ့က ဒယ်ဂူ ဆို နောက်တစ်ဖွဲ့ က
ဂျယ်ဂျူ သွားရ မည်ဖြစ်သည်။ ဒုတိယနှစ် ကျောင်းသားများ က Sections အလိုက် သွားရမှာဖြစ်သဖြင့် ကိစ္စ မရှိ။ မဟာတန်း ကျောင်းသားများကတော့ မဲနှိုက်ရမှာ ဖြစ်သည်။JungKook တစ်ယောက် စိတ်လှုပ်ရှားနေပြီ။
ဒီခရီးလေးတော့ TaeHyung နဲ့အတူ သွားချင်သည်။
ပြီးတော့ ကိုယ်မပါတဲ့ အဖွဲ့ထဲ ကို ထည့်ရမှာလည်း စိတ်မချနိုင်။ သူက အစီအစဉ် ကို အစအဆုံး ရေးဆွဲသူမို့
နောက်ဆုံး decision အတွက်မဲမနှိုက်ရ။မဲနှိုက်ရန် Hoseok က မနက်ထဲက Stats ပါမေက္ခ ရုံးခန်းထဲ သွားသည်မှာ အခုချိန်ထိ ပြန်မလာသေး။
JungKook တစ်ယောက် ဖုန်းကို တကြည့်ကြည့်နဲ့ စိတ်လှုပ်ရှားနေပြီ။ ခဏနေတော့ Ring Ring Ring ဆိုတဲ့ ဖုန်းမြည့်သံနဲ့အတူ
Hoseok ဆီမှ ဖုန်းဝင်လာသည်။ချက်ချင်းကောက်ကိုင်လိုက်ပြီး" ဟျောင့် ဘယ်ကို ကျလဲ။ pali pali မြန်မြန်ပြော ''
" အေးပါကွာ ဖြည်းဖြည်းပြောစမ်းပါ
ဂျယ်ဂျူ ကျတယ် ''" ဂျယ်ဂျူ? Tae...TaeHyung တို့ကရော? " ခုချိန် ဂျယ်ဂျူ ဖြစ်ဖြစ် ဒယ်ဂူ ဖြစ်ဖြစ် ဘာမှစိတ်မဝင်စား။ အဓိက သူသိချင်တာ ပဲမေးလိုက်သည်။
" ဒုတိယနှစ် တွေက sections နဲ့လေ။ မဲမနှိုက်ရဘူး ''
" ဟုတ်လား အေး အဲ့ဒါ ဆို ပြီးရော ငါဖုန်းချလိုက်တော့မယ်။ မင်းပြန်မလာနဲ့ဦး ငါ အဲ့ကိုလာခဲ့မယ် ''
ပြောပြီးချက်ချင်း ဖုန်းချသွားသော JungKook ကို Hoseok တစ်ယောက်ကြိမ်ဆဲလိုက်သည်။
" ခွေးကောင်! ပြောချင်ရာပြောပြီး ချသွားပြန်ပြီ
Master ပြီးခါနီးမှ နှာခေါင်းက အလုပ်လုပ်တော့တယ်
နူတ်ခမ်းပေါက်ထားတာတောင် မမှတ်သေးဘူးလား မသိ ''Flashback <<<
နူတ်ခမ်းကွဲ ဒဏ်ရာ နဲ့ ကန်တင်း ကို ပြန်လာသော JungKook ကို Hoseok တစ်ယောက် စိုးရိမ်သွားသည်။
YOU ARE READING
INFINITELY
Romance" စည်းမျဥ်းတွေ ဘောင်တွေ ကို အရမ်းအလေးထားတဲ့ကိုယ်က မင်းနဲ့တွေ့မှ အကုန် ပြောင်းလဲ ကုန်တာ " Jeon JungKook " အချစ်ဆိုတာ ဘယ်လိုမျိုးလဲတော့ ကျွန်တော် ပုံမဖော်တတ်ဘူး ဒါပေမယ့် ကျွန်တော် Sunbae( စီနီယာ ) ကို ချစ်တယ် " Kim Tae Hyung TAEKOOK KOOKV Both Uni...