Ep 1

1K 182 17
                                    

ကိုရီးယားမှာအခြေချပြီး ဆိုလ်းမြို့က ဈေးတစ်ခုတွင် တရုတ်ခေါက်ဆွဲရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေသော လူငယ်တစ်ဦး....။ ထိုသူနာမည်က Wu yifan....။

အလွန်အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ခဲ့သော်လည်း ဘဝကြီးကိုစိတ်ကုန်ကာ ရိုးရိုးသားသား အေးအေးဆေးဆေးဖြင့်သာ ခေါက်ဆွဲရောင်းနေလေသည်..... ။

Yifan ရဲ့အမေကတော့ ယခုတော့ကနေဒါက ကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်နေပြီ ။ yifan က တရုတ်လူမျိုး တောမှာမွေး၍ ကနေဒါမှာကြီးပြင်းလာခဲ့သော်လည်း မိမိအမျိုးတရုတ်တို့ကို အလွန်ချစ်သည့် မျိုးချစ်ကြီးပင်.. ။

အကြောင်းတစ်ခုကြောင့် တရုတ်မှထွက်ပြီး ကိုရီးယားသို့လာကာ အခြေချတော့မည်ဟု စဉ်းစားထားသည်အထိ....။

အတိတ်က အမှတ်တရတွေဆိုတာကလည်း ကီးမားကျယ်ပြန့်တဲ့ပန်းကန်လုံးထဲမှာ ရှည်လျားလှတဲ့ခေါက်ဆွဲမျှင်တွေလိုမျိုး နစ်မြုပ်ပျောက်ကွယ်သွားပေမယ့်....တူနဲ့ဆယ်လိုက်တဲ့အခါ ပေါ်လာသလိုမျိုး တိုက်ဆိုင်မှုတွေရှိတဲ့အခါ သတိရလာပြန်တယ်...။

ခေါက်ဆွဲလေးတစ်ပန်းကန်ကြောင့် ဖူးစာဆုံခဲ့ရလိမ့်မယ်လို့...Yifan ဘယ်တုန်းကမှမတွေးမိခဲ့....။ ဒါက မိုးကောင်းကင်ရဲ့အလိုတော်လည်းဖြစ်နိုင်တာမို့..... ။

ကိုရီးယားကိုရောက်တာသုံးနှစ်ကျော်ပြီမို့ အရာအားလုံးကနေသားကျနေပြီ... ။ ပတ်ဝန်းကျင်နဲ့လည်းရင်းနှီးနေပြီဖြစ်သလို မိမိဘဝဇာတ်ကြောင်းကိုလည်းမည်သူမျှမသိ ။ ခေါက်ဆွဲသည်ဘဝနဲ့ပဲ အေးချမ်းနေတယ် ။

ဒီနေ့မှ ရာသီဥတုကြီးက မှုန်မှိုင်းလို့.....။ မိုးရွာတော့မယ်ထင်တာပဲ...။ ဆိုင်ပိတ်လို့ အိမ်ပြန်ရင် အိမ်မှာ အေးအေးဆေးဆေး ကော်ဖီလေးတခွက်သောက် စာလေးဖတ်ပြီး မိုးရွာနေတဲ့အရသာကို ခံစားမယ်.....။

မိုးဖွဲဖွဲကလည်းကျလာပြီး ဆိုင်ကလည်း လူရှင်းလို့
ပိတ်ချိန်တောင်ရောက်လာပြီ။ အကုန်လုံးကိုရှင်းလင်းပြီး ဆိုင်ပိတ်မယ်လုပ်နေတုန်း လူတစ်ယောက်ဝင်လာသည်... ။

"အားနာပါတယ် ဆိုင်ပိတ်ပါပြီဗျ....'' ည ၁၀နာရီတောင်ရှိမို့ ဆိုင်ပိတ်သင့်နေပြီ ။ ခေါက်ဆွဲရောင်းရအောင်ကလည်း ခေါက်ဆွဲလက်ကျန်လည်းမရှိတော့သလို ဟင်းရည်လည်းကုန်ပြီ ။ အိုးတွေခွက်တွေလည်း အကုန်လူံးဆေးပြီးမှောက်ထားပြီးသားကို....။

Big Bowl Thick Noodle (Zawgyi + Uni)Where stories live. Discover now