2

2.4K 132 20
                                    

🌹Black Angel🌹

_

_

_

"အင်း...ဟင်း!!"

Baekhyunနိုးလာတော့ သူ့အား တင်းကျပ်စွာ ဖက်ခံထားရသည်ကို သိလိုက်ရသည်။ တစ်ကိုယ်လုံး ကိုင်ရိုက်ထားခံရသလို နာကျင်နေပေမယ့် ထိုရင်ခွင်ထဲက‌နေ သူရုန်းထွက်ဖို့သာ အားသန်နေတာကြောင့် ၊ထိုရင် ဘက်အကျယ်ကြီးအား တွန်းဖယ်စဉ် ရုတ်တရက်လက်အား ချုပ်ကိုင်ခံလိုက်ရသည်။

ရုတ်တရက်မို့ လန့်သွားပေမယ့်
လက်အား ချုပ်ကိုင်ထားသူကို မော့ကြည့်မိလိုက်သည် ။အပေါ်ပိုင်းဗလာကျင်း နေတဲ့ ChanYeolက မိမိအား စိုက်ကြည့်ကာ ပါးချိုင့်ခပ်ရေးရေးပေါ်အောင်သည်အထိ ပြုံးပြကာ တစ်ဆက်တည်းမေးလာသည်။

"ဘာလဲ!? ထပ်ပြီး ကစားချင်သေးလို့လား!?

"ဟမ်!? မဟုတ်...မဟုတ်ဘူး!! ငါ့ လက်ကိုလွှတ်ပေးတော့!"

"ကောင်းပါပြီ"

ထိုသို့ပြောကာ လက်အား လွှတ်ပေးပြီး ကုတင်ပေါ်က ဆင်းသွားလေသည်။ကုတင်ပေါ်က ဆင်းသွားသည့် သူက အံဆွဲတစ်ခုထဲက စာချုပ်အား ထုတ်ကာ ကုတင်အနားပြန်လျှောက်လာပြီး စာအိတ်အား ဘတ်ခ်ဟျွန်းထံ ပစ်ပေးလာသည်။

" မင်း လိုချင်နေတဲ့ စာချုပ်ပဲ!"

"....."

ဘတ်ခ်ဟျွန်း စာအိတ်အားဖွင့်လိုက်ပြီး စာချူပ်မှန်မမှန်စစ်ဆေးနေစဉ် ၊ သူက ဗီဒိုထံ လျှောက်သွားကာ  Shirtအနက် တစ်ထည်အား  အင်္ကျီကြယ်သီးကို သုံးလုံးလောက်ချန်ကာ ဆိုဖာ
ဆီလျှောက်သွားပြန်သည်။ထို့နောက် တေးလိပ်ဗူးထဲက ဆေးလိပ်တစ်လိပ်အား ထုတ်ပြီး ဆေးလိပ်ကို သောက်ကာ ဘတ်ခ်ဟျွန်း အား မမှိတ်မသုန် စိုက်ကြည့်နေပြန်သည် ။ဘတ်ခ်ဟျွန်းမှာ စာချုပ်သာ သည်းမဲပြီးဖတ်နေတာမို့ ချန်းယောလ်အား အရေးမလုပ်နိုင်။ထိုစဉ် စူးရှလွန်းသည့်  ဆေးလိပ်အနံ့ရသည်နှင့် စာချုပ်အား ပစ်ချကာ လည်ပင်းအား ‌ခပ်ဖွဖွထိကာ  ချောင်းထဆိုးပါတော့သည်။

"အဟွတ်!!!အဟွတ်...အော့!!!

ကုတင်ပေါ်က ထ ပြီးရေချိုးခန်းထဲ ပြေးဝင်ဖို့ ထ လိုက်တဲ့အချိန် အောက်ပိုင်းက အဆမတန် နာကျင်တာကြောင့် ပြန်ခွေကျသွားသည်။ဘတ်ခ်ဟျွန်း လဲကျတာ မြင်သည်နှင့် ချန်းယောလ်  သောက်လက်စ ဆေးလိပ်ကို ချကာ အမြန်ပြေးလာပြီး ဘတ်ခ်ဟျွန်း ကိုယ်လေးအား ပွေ့ချီလိုက်တော့ ဘတ်ခ်ဟျွန်း လက်တို့က သူ့လည်ပင်းတဝှိုက် သွယ်ချိတ်လိုက်တော့သည်။

🎼Black  Angel🎼Where stories live. Discover now