All For You(One shot)

402 32 4
                                    

                 "All For You"
"ဘာတွေများ ဒီလောက်တောင်အာရုံစိုက်နေရတာလဲ Sana..."
"ဟင်...အင်း ပန်းလေးတွေမလှဘူးလား Tzuyu.."
လှတယ် .....အရမ်းလှတယ်.... Sana ငါ့မျက်လုံးထဲမှာ နင်အလှဆုံးပဲ နင်ပဲလှတယ်...
သူမ မသိနိုင်တဲ့ စိတ်ထဲက စကားတွေပါပဲလေ..
"အင်း လှပါတယ်"
ပြန်၍ငြိမ်သက်သွားသော Sana...သူမ ပန်းတွေကိုအာရုံစိုက်နေတာရော ဟုတ်ရဲ့လား...
"Sana..!  Sana..!"
"ဟင်...Tzuyu ဘာလဲ?"
"ဘာတွေတွေးနေတာတုန်း😬"
"ငါ....သူ့ကိုအဖြေပြန်ပေးသင့်လားTzuyu.."
မပေးနဲ့ Sana လုံးဝမပေးနဲ့....
"နင့် သဘောပဲလေ နင် သဘောကျရင်ပေးပေါ့"
"မဟုတ်သေးဘူးလေ နင်က ငါ့သူငယ်ချင်းမလား ငါ့ကိုအကြံပေးပါအုန်း"
သြော်....မပေးချင်နေသော အကြံတို့ကို မျှော်လင့်တကြီးလာတောင်းနေသော သူမ....အင်း...ခက်တယ်....
"နင် သဘောကျလား သူ့ကို နင် သဘောကျရင်ပေးလိုက်ဟာ ဘာလို့လဲဆို Seung Ho မှာ ပြစ်ချက်မရှိဘူးလူကောင်းတစ်ယောက်ပါ သူ နင့်ကို တကယ်ချစ်တဲ့ပုံပဲ.."(ဒီတိုင်းထည့်ထားတဲ့သူပါနော်)
ကိုယ်ပေးလိုက်သော အကြံဟာ သူမလိုချင်နေသောအကြံဖြစ်ပုံရသည်....၀င်းလက်သွားပုံများ..
"ဒါဆို ငါ...အဖြေပေးလိုက်တော့မယ်..ဟီး.."
သွာ3း2ချောင်းလုံးပေါ်အောင်ဖြီးပြနေသော သူမအားကြည့်ကာ မရယ်ဘဲမနေနိုင်....သြော် အတော်ချစ်ဖို့ကောင်းတဲ့ရှဥ့်ပေါက်ကလေး...

Sana ဆိုသော ကောင်မလေးနဲ့ စသိခဲ့သည်က အလယ်တန်းမှာ....ထိုင်ဝမ်ကနေပြောင်းလာသော သူမအတွက် အရာအားလုံး အသစ်ဖြစ်နေချိန်မှာ သူမ အနားကိုရောက်လာကာ မိတ်​​ဆွေဖွဲ့သူက Sana...အင်း...အဲ့အချိန်ကစတာပါ...
အနေအေးတဲ့ သူမအတွက် Sana ကလွဲပီးပေါင်းချင်တဲ့သူမရှိ သူမကလဲ Sana ကလွဲလို့ ပေါင်းချင်တဲ့သူမရှိ....Sana ကတော့ သူ့ရဲ့ သွက်လက်ချက်ချာလွန်းမှုကြောင့် လူချစ်လူခင်ပေါကာ အပေါင်းအသင်းများလွန်းသူ.....ဒါပေမဲ့ သူမကိုတော့ Sana အချစ်ဆုံးဖြစ်လိမ့်မည်။သူမကSana အနေနဲ့စိတ်ရင်းနဲ့ပေါင်းနိုင်သော သူငယ်ချင်းကောင်းတစ်ယောက်.....ဒီ့ထက်တော့မပိုခဲ့.....ပိုခဲ့သည်က သူမ...အရောင်တွေဆိုးခဲ့သည်က သူမ...အရောင်ဆိုးတယ်?..အရောင်ဆိုးတယ် ဆိုတာထက် အရောင်ခြယ်ခဲ့တာပါ....ပန်းရောင်လေးတွေခြယ်ခဲ့တာ...Sanaရဲ့ အချစ်ကိုရဖို့လဲမမျှော်လင့်ခဲ့ပါ....သူကအစစ်မကြီး....ဘယ်လောက်တောင်စစ်သလဲဆို အထက်​တန်းကစလို့ တွဲလာသည့်ရည်းစားများကမှိုလိုပေါက် ...အထက်တန်းပီးမှငြိမ်သွားတော့သည်။မထားပါနဲ့ပြောလဲမရ..အပျော်ပါတဲ့...သူကသာ တစ်ယောက်ပီးတစ်ယောက်ထား ဒီက ဒေါ်ရေခဲကြီးကတော့ သူကလွဲ ဘယ်သူမှမသိ...အခုချိန်ထိလဲရည်းစားမထားဖူး....သူငယ်​ချင်းနှစ်ယောက်အထက်တန်းပီးခါနီး
တစ်ယောက်အိမ်မက်တစ်ယောက်မေးကြတော့ အများအကျိုးဆောင် ပါလေရာဆားက ဆရာဝန် ဖြစ်ချင်တာပါတဲ့ပီးတော့ပန်းပျိုးကာပန်းရုံလဲပိုင်ချင်သေးပါတယ်တဲ့...သူမကပန်းသိပ်ကြိုက်တာကိုး...အင်း...ခက်ပီ...ကိုယ်က သွေးရဲသံရဲတွေမြင်ရင်တောင်လန့်နေတဲ့သူ...သူမက ဆရာဝန်လုပ်ချင်တယ်တဲ့ ကိုယ်က ပန်းဆို ဘာပန်းမှမကြိုက်.. တစ်လမ်းဆီပါလား...သူမကမေးလာပြန်ပါတယ် 'Tzu ကရော ဘာလုပ်ချင်သလဲ'တဲ့...တစ်ချက်ကလေးတောင်မတွေဝေဘဲဖြေမိသည်..'ဆရာဝန်'ပါတဲ့....နင်သိလားSana ငါနင့်ကိုအဲ့လောက်ထိအလေးအနက်ထားတယ်...မှတ်မိပါသေးသည် ကိုယ်ဖြေလိုက်တော့ ပျော်သွားပုံရတဲ့သူ့အပြုံးလေး....လှတယ်Sana...Sanaဆိုတဲ့မိန်းကလေးဟာ Tzuyu ဆိုတဲ့ကောင်မလေးအတွက်တော့ အလှဆုံးပဲ....
အိမ်ပြန်ချိန်တိုင်းနှုတ်ဆက်ရရင်တောင် လွမ်းရသည်။ဝမ်းနည်းသည်။ထို့ကြောင့်ထိုင်ဝမ်ကိုမပြန်ခဲ့...Sana အနားမှာဘဲနေပီး Sana ရည်မှန်းချက်ကိုယ့်ရည်မှန်းချက်လုပ်ကာ ကိုရီးယားမှာဘဲကျောင်းဆက်တက်ခဲ့ ဒါ့အပြင်ချစ်ရတဲ့သူမ သဘောကျလှတဲ့ပန်းများစိုက်ပျိုးကာ နှစ်ယောက်အတူပန်းရုံထောင်ခဲ့.....ကျောင်းပီးသွားတော့လဲ ဆေးရုံတစ်ခုထဲမှာဘဲကျအောင် ဆိုင်ရာလူကြီးများကိုလိုက်ပြောရ တောင်းပန်ရပါသေးသည်။အတတ်နိုင်ဆုံးသူမနဲ့မခွဲရအောင်ကြိုးစားခဲ့သည်။တစ်ခုတော့ရှိသည်..သူကခွဲစိတ်၊ ကိုယ်ကအထွေထွေ  အဲ့ဒီတော့ duty ချိန်များကတော့မတူသည်ကများသည်။ဒီထိတော့ကိုယ်လဲမတတ်နိုင်ခဲ့...နှစ်ယောက်သားဆေးရုံတစ်ဖက်နဲ့ဆိုတော့ ပန်းရုံကိုလဲအချိန်ပြည့်ဂရုမစိုက်နိုင်...အစောင့်နဲ့ထားရသည်။တခါတရံနားရက်ကလေးရမှရောက်တော့သည်။သဘောကျသည်...ဒီအတိုင်းလေး ဒီအတိုင်းလေး...သူငယ်ချင်းအနေနဲ့ပဲဆိုလည်းသဘောကျသည်....သူငယ်ချင်းတစ်ယောက်အနေနဲ့ သူမအနားမှာနေကာ သူမနေမကောင်းရင်ပြုစုပေးမယ်...သူမ၀မ်းနည်းနေရင် ကိုယ့်ရဲ့ရင်ခွင်ကျယ်ကြီးနဲ့နွေးထွေးအောင်ထွေးပွေ့ပေးမယ်.....ဒီလူရှင်သန်နေရခြင်း ဖြစ်တည်လာရခြင်းဟာ ထိုမိန်းကလေးအတွက်.....သူမအနားမှာ အရိပ်လိုနေပေးမည်...စိတ်ဓာတ်ကျတိုင်းအားပေးကာထွေးပွေ့ပေးလို့ အနားမှာအမြဲရှိနေပေးမည်.....ကျေနပ်စရာကြီးပါ...တကယ့်ကိုပဲ ကျေနပ်စရာကြီးပါ....ချစ်ရတဲ့သူမဟာ ကိုယ့်အပိုင် မဖြစ်ခဲ့ပေမဲ့...ချစ်ရတဲ့သူမကို ကိုယ့်နှလုံးသားထုတ်ပြခွင့်မရပေမဲ့...မရခဲ့ပေမဲ့....ရတော့မှာမဟုတ်ပေမဲ့....ကျေနပ်ပါပီ....ဒီလောက်လေးနဲ့....မဟုတ်သေးဘူး...ဒီလောက်ကြီးပါ....ကျေနပ်ပါပီ အနားမှာရှိနေရရင်ကို...........
ချစ်တယ်Sana....အရမ်းချစ်တယ်......တစ်ကြိမ်တခါလေးတောင်မှသဘောမကျတာမရှိခဲ့မိဘူး....တစ်ကြိမ်တစ်ခါလေးတောင်မှ စိတ်ပျက်သွားတာမျိုးမရှိခဲ့ဘူး.....တစ်ကြိမ်တစ်ခါလေးတောင် ချစ်တဲ့စိတ်တွေလျော့သွားတာမျိုးမရှိခဲ့....
မွေးဖွားလာပေးလို့ကျေးဇူးတင်ပါတယ် ငါ့သူငယ်ချင်းလေး Sana.....

All For YouWhere stories live. Discover now