" ကျန်းရှီရှင်း!! "
ဘယ်သူ့ဆီက သတင်းပေးမှုကြောင့် သူတို့နှစ်ယောက်ရဲ့ ဇာတ်ကြောင်းကို သိသွားမှန်း မသိတဲ့ ပါးပါးဆီက ဆောင့်အော်သံကြောင့် ရီရှင်းလန့်သွားသလောက် သူ့ဘေးမှာ ခြေချိတ်ထိုင်နေတဲ့ ဂျွန်မြောင်ကတော့ သူ့နဂိုပုံစံအတိုင်း အေးစက်စွာပဲ ပါးပါးကို ကြည့်နေတယ်၊ ပါးပါးဘေးက ဒေါ်လေးရဲ့ ကနဦးတည်းက ဂျွန်မြောင့်အပေါ် ခါးခါးသီးသီးရှိလှတဲ့အကြောင်းကိုတော့ ထပ်မံမပြောလိုတော့..။
" ဒီမှာ ကောင်လေး ..
မင်း ငွေဘယ်လောက်လိုနေလဲ ပြော.. "" ပါးပါး! "
သူ့ကို ဆူနေရာကနေ ဂျွန်မြောင့်ဘက် ဦးတည်လိုက်တဲ့ ပါးပါး စကားကြောင့် ရီရှင်းက စိတ်တိုတို ပြန်အော်မိလိုက်ပေမဲ့ ဂျွန်မြောင်ကတော့ ဟက်ခနဲ ခနဲ့သလိုရယ်သည်၊ နောက်ဆက်တွဲနှုတ်ခမ်းကိုပါ ခပ်လှလှလေးမဲ့လိုက်တာကြောင့် ခပ်ချေချေ ဂျွန့်ပုံစံက အဆိပ်ပြင်းတဲ့မြွေဟောက်ငယ်လိုလို။
" အားလုံးက ငွေစကားပဲပြောနေတော့.. ရွံတောင်ရွံလာပြီ
ကျွန်တော်က ရီရှင်းတစ်ယောက်တည်းကိုပဲ လိုချင်တယ်ဆိုတာကို ဘယ်နှစ်ခေါက်လောက် ထပ်ပြောပြနေရမှာလဲ.. "ချိတ်ထိုင်ထားတဲ့ ခြေထောက်နှစ်ချောင်းကို ခပ်လျော့လျော့ ပြန်ဖြေထိုင်လိုက်တဲ့ ဂျွန်ရဲ့ မျက်နှာထားက တင်းမာလျက်ရှိနေလေသည် ၊ ထိုအနေအထားမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးတဲ့ ရီရှင်းကသာ အံ့သြမှင်သက်စွာ..၊
" ကျွန်တော်တို့ကို လက်ထပ်ပေးစေချင်တယ် "
" မဖြစ်နိုင်တာတွေ.. "
ပါးပါးက အော်တော့ ဂျွန်က လှစ်ခနဲ ပြုံးလေသည်၊
သူ့ပုံစံက ဒီကိစ္စကို ကြိုတင်ပြင်ဆင်ထားသည့်နှယ်" ကျွန်တော်တို့ အိပ်ပြီးသွားကြပြီ..
သြော်-- video လည်း ရိုက်ထားသေးတယ်
ကျွန်တော့်ကို တာဝန်မယူရင် ဦးလေးတို့မိသားစုကို အရှက်ခွဲဖို့ လွယ်တယ်ဆိုတာ သိအောင်လို့.. ပြောပြတာ "
YOU ARE READING
thanatophobia...~ [ Completed ]
Fanfictionဆုံးရှုံးစရာ ထပ်မရှိရင်.. . အကြောက်တရားက.. ကိုယ့်ကို ထပ်မံ..ဝါးမျိုဝံ့မှာမဟုတ်ဘူး.. အချစ်..~ ဒီ Fic လေးကို မမ Natpankalay ရေးတဲ့ " နှစ်ကိုယ်တူတို်င်းပြည် " ဆိုတဲ့ အရမ်းကောင်းတဲ့ Fiction လေးကနေ inspire ယူထားပါတယ်ခင်ဗျာ ။