Planတယောက် မနေ့ညကဒေါသတွေနဲ့
အိပ်စက်ရသလို ဒီမနက်လဲ စိတ်ပူပန်ခြင်းများစွာ စိတ်ညစ်ခြင်းများစွာနဲ့ အိပ်ရာကနေ နိုးလာခဲ့တယ် စိတ်ပူပန်နေတာက ဟိုကောင် မနေ့ညကပြောသလို
ဒီနေ့လဲ ကျွန်တော့်ကို ကျောင်းလိုက်ပို့နေမှာစိုးလို့ပါ ကျောင်းကိုလိုက်ပို့ရအောင် ကျွန်တော်ကကလေးလား သူနဲ့လဲကျောင်းတူတာလဲမဟုတ်ပဲနဲ့
သူနဲ့မတွေ့အောင် စောစောလေးပြင်ဆင်ပြီးထွက်မယ်လို့
စဉ်းစားလိုက်မိပြီး နည်းနည်းတော့
ဘဝင်ကျသွားမိတယ်လေPlan-အမြန်လုပ်ပြီး စောစောထွက်ရမယ်
ဒီကောင်ကအိပ်ရာထနောက်ကျတတ်တယ်
ငါ့ကိုများ ဘာမှတ်နေလဲမသိဘူး ဟွန့်😏Planကျောင်းသွားဖို့ကိုအမြန်ဆုံးပြင်ဆင်ပြီး
မနက်စာကိုတောင် ထိုင်မစားတော့ဘူး
မတ်တပ်ရပ်ကာပါးစပ်ထဲပလုတ်ပလောင်းနဲ့ အတင်းကိုသွပ်ထည့်ပြီး ကော်ဖီနဲ့
အမြန်မျောချလိုက်ရတယ် နင်နေလို့
ရင်ဘတ်ကို တဗုံးဗုံးထုရသေးတာ Planလုပ်သမျှကိုလိုက်ကြည့်နေတဲ့
မေမေကတော့ အပြစ်တင်ကာဆူနေတော့တာပေါ့Plan'mom-ဟဲ့ ဟဲ့ ဘယ်လိုဖြစ်နေတာလဲ
နောက်ကကျားလိုက်နေသလိုပဲ ထိုင်ပြီးအေးဆေးစားပါလား
အစောကြီးရှိသေးတာကို ဒီကလေးတယောက်နဲ့ခက်လိုက်တာမေမေက Planကျောကုန်းလေးကို ဖြေးဖြေးသပ်ချပေးရင်းဆူနေတာပါ Planလဲအစာနင်နေရင်း တဟဲဟဲလုပ်လိုက်ရင်း
Plan-အဟဲ မေမေကလည်း
သားဘာမှမဖြစ်ပါဘူး ကျောင်းကဝေးတော့ နောက်ကျမှာစိုးလို့လေ အိမ်ကနေ
စောစောထွက်တော့ ကားလဲသိပ်မကြပ်တော့ဘူးလေ
အာ့တာကြောင့်ပါ အဟီး.....Plan'mom-ဖြစ်ရလေသားရယ်
ဒါနဲ့Meanက သားကိုကျောင်းလိုက်ပို့မယ်
ပြောထားတယ် Meanကို စောင့်ဦးလေ အတူတူသွားကြပေါ့ မေမေကလဲ
သားတယောက်တည်းဆိုရင် စိတ်မချဘူးPlanစိတ်တောင်ညစ်သွားရတယ်
အဲ့ကောင်နဲ့မဆုံချင်လို့်
စောစောစီးစီးထွက်ပါတယ်ဆိုမှ မေမေကသူ့ကိုစောင့်ခိုင်းနေတယ်
မေမေ့ရှေ့မှာတော့ မေမေစိတ်ကျေနပ်အောင်
ပြောလိုက်ရတယ် အဲ့လိုမပြောရင် သူ့အကြံအစည်တွေပျက်ကုန်တော့မယ်လေ
YOU ARE READING
💙💚ဆိုင်သူမသိတဲ့ အချစ်(ဆိုင်သူမသိတဲ့အချစ်)💚💙(Completed)
RomanceMean X Plan (2wish)💙💚 ဒီficလေးကတော့ ချစ်ရတဲ့ကလေးတွေအတွက် ပုံဖော်ဖန်တီးထားတဲ့ ကိုယ့်ရဲ့တတိယခြေလှမ်းလေးပါ လိုအပ်ချက်တွေရှိတာကြောင့် သည်းခံဖတ်ပေးကြပါလို့😁 2wishကိုချစ်လွန်းလို့ ရေးသားထားခြင်းပါနော်✌✌ WTG💙💚