( Zawgyi )
Yoongi အိပ်ပျော်နေရာမှ ဆတ်ခနဲနိုးသွား၏။ နာရီလှမ်းကြည့်မိတော့ မနက် ၉ နာရီထိုးနေပြီ။
အိပ်ရာကနေ ကမန်းကတန်းထကာ တံခါးဖွင့်ပြီး ဝရံတာဆီထွက်လိုက်တော့ နေအပူရှိန်ကြောင့် မျက်လုံးပင် ပြာသွားရသည်။
မနေ့ညက ဂီတာတီးခြင်းရဲ့အကျိုးဆက်ကြောင့် အိပ်ရေးပျက်ခြင်းပင်။Jimin ဘာလို့လာမနှိုးပါလိမ့်။
အရင်ကဆို မနက်စောစော လာလာနှိုးတတ်၏။
သေချာတာကတော့ မနေ့ညက အိပ်ရေးပျကာတာနဲ့ အိပ်နေလောက်ရောပေါ့။Yoongi ဝရံတာလေးကနေခွာပြီး အောက်ထပ်သို့ ဆင်းခဲ့လိုက်သည်။
" ဦးလေး "
" ဟေ... Yoongi လေးနိုးပြီလား၊ နံနက်စာစားတော့မလား၊ ဦးလေးပြင်လိုက်မယ်လေ "
" ဟာ... မပြင်ပါနဲ့ဦး၊ ကျွန်တော်မျက်နှာတောင်မသစ်ရသေးဘူး၊ ဒါနဲ့ Jimin လာသေးလား၊ မတွေ့လို့ "
" Yoongi လေး ပြောမှပဲသတိထားမိတယ်၊အခုထိမလာသေးဘူး၊ အဲ့ကလေး ညကအဆောင်ထဲကို ညဥ့်နက်မှပြန်လာတာ ဒါကြောင့်မနိုးသေးတာဖြစ်မယ် "
" ဟုတ်လား၊ ဒါဆိုကျွန်တော် သွားနိုးလိုက်ဦးမယ် "
" ဟေ "
" သူကပဲ ကျွန်တော်ကိုနှိုးနေတာလေ၊ ဒီတစ်ခါ ကျွန်တော့အလှည့်၊ သွားပြီး ဒုက္ခပေးလိုက်ဦးမယ် "
" ဪ... အေး.. အေး "
စားဖိုမှုး ဦးလေးကို မျက်စိတစ်ဖက်မှိတ်ပြကာ မီးဖိုခန်းဘေးတံခါးပေါက်မှ အနောက်ဘက်မှာရှိတဲ့ အလုပ်သမားတန်းလျားလေးဆီသို့ ထွက်ခဲ့မိသည်။
တန်းလျားလေးဆီရောက်တော့ ခြေသံဖွဖွလေးနင်းပြီး အိမ်လေးထဲကို ဝင်လိုက်သည်။ Jimin အခန်းရှေ့ အသာလေးရပ်ကာ အခန်းတံခါးလေးကိုတွန်းကြည့်လိုက်သည်။ တံခါးလေးက ဖြည်းဖြည်းလေး ပွင့်ဟသွားသည်။
ညကအိမ်ပ်ချင်မူးတူး ထိုးအိပ်သွားပုံပင်။ အခန်းတံခါးကို လော့မချထားချေ။
YOU ARE READING
Love is
RomanceMin ... မင်းက ငါမခေါ်ပဲ ငါ့ဘဝထဲကိုဝင်လာခဲ့တဲ့သူပဲ။ ဒါပေမဲ့ မင်းရှိနေခဲ့တာကို ငါပျော်တယ် Min ။မင်းကို ငါဘယ်လောက်အနိုင်ကျင့်ခဲ့ကျင့်ခဲ့ မင်းသည်းခံခဲ့တယ်နော်။အဲ့ဒီအချက်က ငါ့ဘဝတစ်လျှောက်လုံး ဘယ်တော့မှမေ့ပျောက်လို့ရမှာမဟုတ်ဘူး Min... Min ... မင်းက ငါမခေါ...