new rules

2.4K 178 77
                                    

"ဝါး...ကျောင်းကြီးက အကြီးကြီးပဲ"

ဘူဆန်ကနေ ဆိုလ်ကို ကျောင်းလာတတ်တဲ့ ဆယ်ဟွန်းအဖို့ မိမိရှေ့တွင် ထီးထီးကြီးတည်ရှိနေတဲ့ကျောင်းကြီးကို ကြည့်ပြီး ပါးစပ်အဟောင်းသားနှင့်။

Hoddie အပွကြီးက လက်ဖျားလေးတွေထိဖုံးနေပြီး ဘောင်းဘီ ပွပွကြီး ဝတ်ထားတာကြောင့် မသိတဲ့သူဆို ဆယ်ဟွန်းကို ဝကစ်လေးဟု ထင်သွားနိုင်သည်။

ထို့အပြင် ဆံပင်တွေကိုပါ အကျေကောက် ကောက်ထားတာမို့ မျက်နာက ဖောင်းနေသေး၏။

ထို ခပ်တုံးတုံးကျောင်သားတစ်ဦးက ကျောင်းရှေ့မှရပ်ပြီး ပါးစပ်အဟောင်းသားဖြစ်နေတာမို့ လူတွေက ကွပ်ကြည့် ကွပ်ကြည့်နှင့်။

ဆယ်ဟွန်းလဲ ခုမှ ကိုယ့်အခြေအနေကို ကိုယ်တိုင် သတိထားမိကာ ကိုယ့်စာသင်ခန်းရှာဖို့ထွက်ခဲ့လိုက်သည်။

တကယ်ဆို ဂျုံအင်သာ သူနှင့်အတူ ပါလာမည်ဆိုလျှင် ရှာစရာလိုမည်မဟုတ်။
သူက ဆိုလ်းမှာ ကျောင်းတတ်နေတာကြာပြီကို။
တူတူသွားကြမယ် စီစဉ်ခဲ့ပေမဲ့...
ဒီနေ့မှ သူ့ကောင်မလေးနဲ့ ချိန်းထားတာမို့ ဆယ်ဟွန်းကို တစ်ယောက်ထဲ လွှတ်လိုက်ခြင်းဖြစ်သည်။

အဲ့တော့ ခု ဆယ်ဟွန်းက ကျောင်းအကြီးကြီးမှာ တစ်ယောက်ထဲ ကြောင်တောင်တောင်ဖြစ်ရပြ်ီပေါ့၊

ဆယ်ဟွန်း အသက်ပြင်းပြင်း ရှူလိုက်ရင်း...

"ဟူး...စ်.....ဖိုက်တင်း "

ဆယ်ဟွန်းအဖို့ ကျောင်းအကြီးကြီး အတွင်း မိမိ အတန်းကို လိုက်ရှာရသည်မှာ သဲထဲ အပ်ရှာရတာမှ လွယ်တယ်ဟု တွေးမိစေသည်။

ထိုေ့ကြာင့် အနားမှာရှိတဲ့သူကို မေးဖို့ ဆုံးဖြတ်လိုက်၏။

"အကို နည်းနည်းလောက် ကူညီပါ့လားဗျ"

နောက်ကျောပဲ မြင်ရလို့ တစ်ယောက်ထဲ ထင်လိုက်ပေမဲ့ ထိုလူရင်ခွင်ထဲက မိန်းကလေး တစ်ယောက်ရှိနေ၏။

"အာ...အနှောက်အယှက် ပေးမိတာ တောင်းပန်ပါတယ်ဗျ "

ကောင်လေးကတော့ ဆယ်ဟွန်းကို မြင်တာနှင့် ပြုံးပြပေမဲ့ ကောင်မလေးကတော့ မဲ့ရွဲ့နေသည်။
သူတို့ကို အနှောက်အယှက် ပေးတဲ့ ဆယ်ဟွန်းကို အနားက ထွက်သွားစေချင်ပုံ။

New Rulesحيث تعيش القصص. اكتشف الآن