အတ္တဆူး 63

4K 163 18
                                    

အတ္တဆူး-63

Hunnie ​တစ်​​ယောက်​​မွေး​နေ့ပွဲအတွင်း ​လျှောက်​​ပြေးလွှား​နေရင်း ရုတ်​တရက်​ က​လေး​လေးတစ်​​ယောက်​ကို လှမ်းမြင်​လိုက်​ရသည်​။

လိပ်​ပြာတုတ်​တံ​လေးကို ကိုင်ထားသည့်​ ပုလုံးလုံးဖြူးနှစ်​နှစ်​က​လေးသည်​ ​မွေး​နေ့ပွဲကျင်းပသည့်​ခြံဧရိယာကို​ကျော်​ကာ ​ဘေးဘက်​ကို ​လှုပ်​တုပ်​လှုပ်​တုပ်​နဲ့ ​ပြေးသွား​နေသည်​။

Hunnie လည်း ထိုက​လေးပိစိ​လေးရဲ့​နောက်​ကို ​လိုက်​လာခဲ့သည်​။

ဘေးဘက်​ခြံသည်​ လူသူမရှိဘဲတိတ်​ဆိတ်​​နေသည်​။ထိုက​လေး​လေးသည်​ တစ်​​​နေရာတွင်​ရပ်​ကာ ခုန်​ဆွခုန်​ဆွလုပ်​​နေသည်​မို့ Hunnie ​သေချာကြည့်​လိုက်​​တော့ လိပ်​ပြာ​လေးတစ်​​ကောင်​ကို ဖမ်း​နေခြင်းဖြစ်​​လေ၏။

လက်​တစ်​တစ်​​လေးတစ်​ဖက်​က အ​ပေါ်ကိုလှမ်း​နေပြီး ​ခေါင်းလုံးလုံး​လေးကို ​မော့ထားကာ နှုတ်​ခမ်း​သေး​သေး​လေးကိုဟလျက်​။

လိပ်​ပြာ​လေးကပျံ​နေရာမှနံရံ​ဘေးမှာ​ကပ်​ထားတဲ့ ပစ္စည်းအပုံ​ပေါ်မှာသွားနားသည်​။ထိုအခါ က​​လေးပိစိ​လေးက ​ခြေဖျား​လေး​ထောက်​ပြီး မမှီတမှီနဲ့လိပ်​ပြာကိုထိဖို့ကြိုးစား​နေသည်​။

ထိုအချိန်​ Hunnie မှာ အဲ့က​လေး​လေးရဲ့အနားကို​လျှောက်​သွားပြီး လက်​​လေးကိုဖမ်းဆွဲလိုက်​သည်​။ ပိန်​ရှည်​ရှည်​Hunnie ရဲ့ ​မေးစိနား​လောက်​ထိသာအရပ်​ရှည်​​သောက​လေးပိစိ​လေးမှာ Hunnie ကို လှည့်​ကြည့်​လာသည်​။

လိပ်​ပြာ​လေးမှာလည်းလန့်​ပြီး ပိုပြီးမြင့်မြင့်​ကိုပျံသွားသည်​မို့
က​လေး​လေးက Hunnie ကို စိတ်​ဆိုးမာန်​ဆိုးကြည့်​လာ​တော့သည်​။

မျက်​ခုံး​သေး​သေး​ပါးပါး​လေးကိုကုတ်​ထားပြီး နှုတ်​ခမ်းစိုစိုရဲရဲ​လေးကို ချွန်​လျက်​။

ထိုပုလုံး​လေးကိုကြည့်​ပြီး Hunnie တစ်​​ယောက်​ အူ​တွေအသည်း​တွေ ကျလိကျလိမြည်​​အောင်​ယားလာသည်​။ ကြာ​တော့ မ​နေနိုင်​​တော့ဘဲ ခါး​လေးအနည်းငယ်​ကိုင်းကာ ထိုက​လေးရဲ့ ပန်း​ရောင်​နှုတ်​ခမ်းစူစူ​လေးကို ဖိနမ်းပစ်​လိုက်​​တော့သည်​။

အတ္တဆူး Wo Geschichten leben. Entdecke jetzt