မေမေရဲ့အလုပ်ကြောင့် ဘန်ကောက်ကိုပြောင်းလာရတဲ့ ကျနော်ပါ ။
"သားရယ် မေမေ ကျောင်းအပ်တာတွေအကုန်ပြီးပြီ။ သားသိပ်တက်ချင်တဲ့ကျောင်းမှာလည်းတက်ခွင့်ရပြီလေ။"
လက်ထဲကဖုန်းကိုချပြီးမေမေပေးတဲ့ စာရွက်ကိုယူကြည့်တော့ ကျနော်အရမ်းတက်ချင်နေတဲ့ ကျောင်းပင်။
"ဟင်!မေမေ ဘယ်လိုလုပ်"
"မေမေ ဒီကိုပြောင်းလာတာ အလုပ်ကြောင့်ပေမယ့် မေမေ့သားလေးကိုဒီကျောင်းမှာတက်စေချင်လို့။"
"ဟာ! အဲ့ဒါကြောင့် ကျနော်မေမေ့ကိုအရမ်းချစ်တယ်"
အပျော်လွန်ပြီး မေမေ့ကိုပြေးဖက်လိုက်မိသည်။ ဖေဖေ မရှိထဲက မေမေကကျနော့်ကိုအစစအရာရာ ဂရုစိုက်ပေးသည်။ ဒီကြားထဲ ဖေဖေ ယူခဲ့တဲ့ အကြွေးတွေကိုလည်းဆပ်နေရသေးသည်။
____ 💙💚
_______ကျောင်းသား အသစ်မို့ အကုန်လုံးကကျနော့်အားသေချာကြည့်နေမိသည်။ ဒီကျောင်းကလည်းတစ်ကယ့် သူဋ္ဌေးတွေမှတက်လို့ရသည့် ကျောင်းပင်။ မေမေ ဘယ်လိုများရှာခဲ့လည်းမသိပေ။
"ဒီနေ့ ကျောင်းကိုကျောင်းသားအသစ်ရောက်တယ်ဆို"
"ကျနော်ပါ့ ခဗျာ့"
အတန်းထဲဝင်လာတဲ့ ဆရာက ကျောင်းသားသစ်မို့ပြောလိုက်တဲ့အတွက်ကြောင့် ကျနော်လက်ထောင်ပြီးပြလိုက်တော့ ဆရာက ကျနော့် အားတစ်ချက်ကြည့်ပြီး....
"အော် ....မျက်မှန်လေးနဲ့ဘဲ အနောက်မှာ မထိုင်နဲ့ လာ Nam နင်ဖယ်ပေးလိုက်စမ်း! လာ သား Mean ဘေးနားလာထိုင်"
"ဟယ်...ဆရာကလည်းသူ့ကိုမှ mean ဘေးနားထားရတယ်လို့"
"အူကြောင်ကြောင် ရုပ်နဲ့ကို "
အဲ့အရှေ့လေးမှာထိုင်ဖို့အရေးကို ကျနော့်ကို ဝိုင်းပြောနေကြသည့် ကောင်မလေးတွေ