Zawgyi
ဂျိုဆောင်ခတ်
ဟူဂုန်းတောင်ပေါ်တွင် နတ်ဘုရားမြောက်များစွာစံမြန်းနေနိုင်ကြတယ်...
ထိုနတ်ဘုရားတွေထဲမှာမှ အလွန်တရာချောမောလှပပြီး ခန့်ညားထယ်ဝါသော နတ်ဘုရားတစ်ပါး..ထိုနတ်ဘုရား၏အမည်နာမမှာ ' နမ် 'နတ်ဘုရားနမ်ဆိုသူသည်...တည်ငြိမ်ရင့်ကျက်ပြီး..ချောမောလှပသူတစ်ဦးဖြစ်တယ်တဲ့
သူပုံစံက အဖြူရောင်ဆံနွယ်တွေကို ထိန်းချုပ်မှုမရှိဘဲ ဖြန့်ကျဲထားကာ
ဖြောင့်စင်းသော ဆံနွယ်တွေကြားမှာ မြင်နေရတဲ့ အဝါညိုရောင် မျက်လုံးတစ်စုံက
လူတွေကိုယစ်မူးစေပြီး...မီးခိုးညိုရောင်ဖြောင့်ဆန်းတဲ့မျက်ခုံးတွေနဲ့
အနားသက်လှပတဲ့ ခပ်ပါပါးနှုတ်ခမ်းတစ်စုံ ပါးပြင်မှာပြုံးလိုက်လျှင် ခွက်သွားလေ့ရှိသော
ပါးချိုင့်တို့က နတ်ဘုရားဆိုတဲ့ ဂုဏ်အတိုင်း လှပစွာတည်ရှိနေတယ်တဲ့' မေမေအဲဒါဆို အဲဒီနတ်ဘုရားကတော်တော်ချောမာပေါ့နော် '
' ချောတာပေါ့ သမီးလေးရဲ့ ချောရုံတင်မကဘူး စိတ်ထားကောင်းပြီးလူတွေကိုကယ်တင်တဲ့နတ်ဘုရားကွဲ့ '
' သမီးမြင်ဖူးချင်တယ် '
' သမီးလေးရယ်...ဒါကပုံပြင်လေ တကယ်အပြင်မှာရှိချင်မှရှိမှာပေါ့..အင်း..ရှိခဲ့ရင်လည်း ဘယ်သူမှမမြင်နိုင်ဘူးကွဲ့ '
🌱🌱🌱
' သခင်မ အားတင်ထားပါ.. '
' အား..!!! '
' အဆင်ပြေရဲ့လား နည်းနည်းအားစိုက်လိုက်ရင်ရပါပြီ '
' အား !! '
' ဟယ်..သခင်မ..သားလေးမွေးပါတယ် ဂုဏ်ယူပါတယ် '
' ဟုတ်လား ငါ့သားလေး... '
' သ..သခင်မ..ကြီး.. '
' ဘာဖြစ်လို့လဲ '
' ခြေ..ခြေထောက်မှာ..အစင်းကျောင်းကြီး '
YOU ARE READING
ကျွန်တော့်ဖန်ဆင်းရှင်
Fantasy" အရိုင်းဆန်တဲ့ပန်းပွင့်လေးကို ကျွန်တော့်အချစ်တွေဖြင့် ရှင်သန်စေမည် " " အရိုင်းဆန်တဲ့ပန်းပွင့်လေးကို ကျွန်တော့်အချစ်တွေဖြင့် ရှင်သန်စေမည် "