Murder 01- case

54.8K 2K 54
                                    

Zawgyi
မနက်စောစောပင်ရှိသေး။ Sမြို့တော်၏ ရဲဌာနတွင် လူတစ်ချို့အုံးအုံးကြွက်ကြွက်နှင့်။ အခုမှအသစ်ဖွဲ့မည့် S.C.I အကြောင်း တီတိုးပြောဆိုနေကြလေသည်။

Wang Chaoနဲ့ Zhang Long တို့ နှစ်ယောက် ဌာနထဲဝင်လာချိန်တွင် တစ်ခုခုမှားနေကြောင်း ခံစားမိလိုက်သည်။ လူတွေဘာဖြစ်နေကြတာပါလိမ့်။

မနေ့ညကမှ အမှုကြီးတစ်ခုကို လိုက်ခဲ့ရသည်မို့ အိပ်ရေးမဝသော သူတို့နှစ်ယောက် မျက်တွင်းဟောက်ပက်နှင့်။ ဓာတ်လှေကားထဲရောက်တော့ နံရံပေါ်မှာ ကြေညာစာ တစ်ခုက ကပ်လျက်သား။ Zhang Long က စာရွက်ကို လှမ်းဖယ်လိုက်သည်။
"အတင့်ရဲလိုက်တာ။ ရဲဌာနမှာ လက်ကမ်းစာစောင်ကပ်စရာလား"

သူရဲ့ တစ်ဖက်မှာရပ်နေတဲ့Wang Chao က စာရွက်ကို တစ်ချက်ကြည့်လိုက်သည်။
"ကြော်ငြာမဟုတ်ဘူးဟ၊ ဒါရိုက်တာထုတ်ပြန်ထားတဲ့သတင်းကြီး"

ဓာတ်လှေကားထဲတွင် သူတို့နှစ်ယောက် စာရွက်ကို သေသေချာချာ ကြည့်လိုက်မိ၏။

10စက္ကန့်လောက်ကြာတော့ ဓာတ်လှေကားက အသံတွေမြည်ပြီး ရပ်သွားလေသည်။ အပြင်မှာစောင့်နေမည့်သူများကို အားနာစွာနှင့် သူတို့နှစ်ယောက် အနောက်မှာ ဆုတ်ကာ ရပ်လိုက်ကြသည်။

ဓာတ်လှေကားက ၇လွှာမှာ ရပ်သွားလေသည်။

Zhang Long နှင့် Wang Chao မှာတော့ ဓာတ်လှေကားထဲမှ အပြင်ဘက်သို့ ကမူးရှူးထိုး ပြေးထွက်ကာ ပါးစပ်မှလဲ အော်ဟစ်နေကြသည်။

"ဒါ မဖြစ်နိုင်ဘူး"
သူတို့နှစ်ယောက်က မှုခင်းရဲဌာနဘက် ဝင်သွားကြပြီး တခြားအရာရှိများကပါ လိုက်လာကြလေသည်။

ထိုရုံးခန်း၏ တံခါးကို လူနှစ်ယောက်က တွန်းဖွင့်လိုက်တော့ ပွင့်သွားပြီး အထဲမှ ရဲအရာရှိများကလည်း သူတို့ကို စိုက်ကြည့်နေကြသည်။

ထိုသူနှစ်ယောက်ကတော့ ကြည့်နေတဲ့သူတွေကို ဂရုမစိုက်ပဲ ခေါင်းဆောင်ရဲ ရုံးခန်းထဲသို့ ဝင်သွားလေသည်။

သူတို့ တံခါကို မဖွင့်ခင် တံခါးမှ အထဲမှလူရဲ့ ပယောဂကြောင့် အရင်ပွင့်သွားလေရာ သူတို့နှစ်ယောက် အရှိန်မထိန်းနိုင်တော့ပဲ အခန်းထဲသို့ အလဲလဲ အပြို ပြို။
နှစ်ယောက်သား ကြမ်းပြင်နဲ့ မိတ်ဆက်ကြလေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now