Return of Magic Murderer 17- Hatred

5K 817 80
                                    

Zawgyi

လည်ပင်းဆီသို့ အရှိန်နှင့် ပြေးဝင်လာသော အေးစက်သော ငွေရောင်ဓားကြောင့် ရှောင်လွဲမရတော့မှန်း Bai Chi သိလိုက်သည်။ သို့သော် ပတ်တီးစည်းထားသော လက်သွယ်သွယ်လေးက သူ့လည်ပင်းနှင့် ငွေရောင်ဓားကြား ထိုးခံလိုက်တော့ ပတ်တီးကြားမှ သွေးများရဲခနဲ....Bai Chi လေး မျက်လုံးပြူးသွားသည်။

ဓားက ဒဏ်ရာကို စည်းထားသော လက်မောင်းထဲကိုသာ တိုက်ရိုက်စိုက်ဝင်နေကာ ထိုလက်ပိုင်ရှင်က Bai Chi ကို နံရံနှင့် ကပ်ဖိထားသော သူကို စိုက်ကြည့်နေသည်။ ထိုလူကို ပတ်တီးလက်ပိုင်ရှင်က တံတောင်ဆစ်နှင့် တိုက်ခိုက်တော့ ထိုလူနောက်ပြန်လန်သွားပြီး အမဲရောင် ခေါင်းစွပ်ပြုတ်ကျသွားသည်။ အလယ်တွင် လူတစ်ယောက်ခံနေသည့်အတွက် Bai Chi မှာ ထိုလူမျက်နှာကိုမမြင်လိုက်ပေ။

ထိုလူက ခေါင်းစွပ်ကို အသဲအသန် ပြန်စွပ်ကာ Bai Chi ကို နောက်တကြိမ် တိုက်ခိုက်မည်ပြင်တော့ လှမ်းထိုးလိုက်သည်က မျက်နှာတွင် ဒေါသရိပ်တွေ လွှမ်းနေသော Zhao Wei.....။ ထိုလူကတော့ လှေကားအောက်ကို ဒရောသောပါး ပြေးဆင်းသွားသည်။

Bai Chi က ထိုလူနောက်လိုက်သွားမည်ပြင်တော့ Zhao Wei က လှမ်းဆွဲထားသည်။
" မင်း ဘယ်သူ့နောက် လိုက်မှာလဲ...သေနတ်ရှိလို့လား"

"ဟို..."
ဟုတ်သားပဲ သူ့ကို Bai Sir က သေနတ်မှ ပေးမကိုင်ထားတာ။

"ထားလိုက်တော့... မင်းအသက်ရှင်နေတာတောင် တော်သေးတယ်"
Zhao Wei က Bai Chi ကို လွှတ်ပေးလိုက်ပြီး လက်မောင်းတွင် စိုက်နေသော ဓားကို ဆွဲထုတ်လိုက်သည်။

"မင်း....သွေးတွေ ထွက်နေပြီ"
Bai Chi တစ်ယောက် ပြာယာခတ်သွားသည်။ သွေးတွေစီးကျနေသည်မှ မနည်း၊ သူ.....သူ သွေးလွန်ပြီး သေမှာလား.... Bai Chi လေးက လျှောက်တွေးနေကာ မျက်နှာတွင် သွေးမကျန်တော့.....။

Zhao Wei က ပြုံးကာ Bai Chi လေး၏ ဆံပင်တွေကို ထိုးဖွလိုက်သည်။
"မင်း အဆင်ရော ပြေရဲ့လား"
Bai Chi က ခေါင်းယမ်းလိုက်သည်။
"ဆရာဝန်....ဆရာဝန် ခေါ်ရမယ်"
Bai Chi လေးက ကော်ရစ်ဒါတစ်လျှောက် ပြေးထွက်သွားသည်။

"ဆရာ....ဆရာ...."
ဆေးရုံတစ်ဆောင်လုံး Bai Chi အသံသာ လွှမ်းနေသည်။ ထို့နောက် ဆရာဝန်စကားအရ Zhao Wei ၏ အရိုးကို ထိသွားသည့်အတွက် ကျောက်ပတ်တီးစည်းရမည်ဖြစ်လေသည်။

S.C.I Special Crime Investigation Journal Of Mystery Myanmar translation Where stories live. Discover now