Chapter 30

1.4K 239 126
                                    

Unicode

" ဟာ....အရေးထဲ ဒီမိုးက တစ်မှောင့်ကွာ "

ဆောင်းဟွန် သူ့ဘေးနားမှာ ပြေးလွှားနေကြတ့ဲ ကျောင်းသားတွေရဲ့အသံနဲ့အတူ တစ်သောသော ရွာကျလာတ့ဲ မိုးပေါက်ကြီးတွေကို ခံစားမိပါမှ ဒီနေ့ထီးမယူလာခ့ဲမိမှန်း
သတိရသည်။ ပလတ်ဖောင်းပေါ်တွင် ခပ်သုတ်သုတ်လျှောက်ရင်း မိုးခိုစရာနေရာ
လိုက်ရှာနေမိသည်။ ထိုအချိန် နီးစပ်ရာ
အမ်ိုးနဲ့လူမရှိတ့ဲ ကားမှတ်တိုင်လေးကို
တွေ့တာကြောင့် ဆောင်းဟွန်ဖျတ်ခနဲ
၀င်သွားလ်ုိက်သည်။

စက်တင်ဘာ မိုးက အရှိန်အဟုန်နဲ့ အားပါပါ
ရှိလှသည်။ ဆောင်းဟွန် မိုးရွာနေတာကို
ထိုင်ငေးနေရင်း ၅မိနစ်‌ေလာက်ကြာတော့
မိန်းကလေး တစ်ဖွဲ့ ‌ေ၀ါခနဲသူ့အနားပြေး၀င်လာကြသည်။

မှတ်တိုင်အသေးလေးကလူမဆန့်ချင်သလို ဖြစ်သွားတာကြောင့်ဆောင်းဟွန် ထိုင်နေရာက ထပြီး ခေါင်မိုးအစွန်ဆုံးဘက်ကို ရွေ့ထိုင်လိုက်သည်။

ထိုအုပ်စုထဲက တစ်ယောက်က ဆောင်းဟွန်
ထိုင်သွားတ့ဲ နေရာမှာ ချက်ချင်း၀င်ထိုင်ပြီး
ဆက်ပြီး သူတို့စကားတွေပြောနေကြသည်။

" ဆိုရာ....နင်တော့ပွတာပဲ....နေရင်းထိုင်ရင်း
ပိုက်ဆံအိတ်ကောက်ရတယ် ကြည့်စမ်း "

နေရာတိုင်းမှာလိုလို ကြားဖူးနေကျ နာမည်ကြောင့် ဆောင်းဟွန်ရဲ့မျက်လုံးတွေက
ထိုအဖွဲ့ဆီရောက်သွားမိတော့ ထိုအဖွဲ့ထဲက
တစ်ယောက်က ဒီနှစ်ရဲ့ကွင်း ချွဲဆိုရာမှန်း
သိရသည်။ နောက်တော့ ထပ်ပြီးမရည်ရွယ်ပဲ
ထိုမိန်းကလေးရဲ့ လက်ဆီ အကြည့်ရောက်သွားမိချိန်....

" ဟင်...."

စိုးရိမ်စိတ်တစ်ခုက ရုတ်တရက်ချည်း ၀င်ရောက်လာသည်။ ခါးကြားထဲမှာ ထိုးထားတ့ဲ
ပိုက်ဆံအိတ်နေရာကို လက်နဲ့စမ်းမိလိုက်တော့ ဘာမှမရှိပဲ နေရာအလွတ်ဖြစ်နေပြီး
ထိုမိန်းကလေးရဲ့ လက်ထဲက ပိုက်ဆံအိတ်အနက်ရောင်လေးဆီ ထပ်ပြီးအကြည့်ရောက်သွားမိသည်။

သူမက ပိုက်ဆံအိတ်အထဲကို
မွှေနှောက်နေရင်း...

" အိုး....ပိုက်ဆံအိတ်ထဲမှာ ပါတာက....
အကြွေ‌ေတွရယ်...အယ် ခေါက်ရိုးတောင်မကျိုးသေးတ့ဲ ဒေါ်လာတစ်ထပ်တောင် ပါသေးတယ်...သြော် ... ဒီမှာ ကျောင်းသားကဒ်ပါတယ်.... ပတ်ဆောင်းဟွန်....ပထမနှစ် zoologyတ့ဲ ဟ....."

Psycho Ex-Lover (Completed)Where stories live. Discover now