Part 4

1.5K 122 2
                                    

မနက်ခင်းတိုင်းနဲ့ ညတိုင်း P'Gun အိမ်နဲ့ မနီးမဝေးမှာ ရှိနေတတ်တယ်
ချစ်ရတဲ့ P'ရဲ့မျက်နှာလေးမ မြင်ရရင် ကို မနေနိုင်အောင်ပဲ
ပြုစားလွန်းတယ် P'ရာ. . .

ဒီညP'Gun မုန့် ထွက်ဝယ်မယ့်နေ့ပဲ အရင်က8နာရီဆို ထွက်နေကျ ဒီညတော့ 9နာရီတောင်ထိုးတော့မယ် ထွက်မလာသေးဘူး~~~

Nicဆီဖုန်းဆက်မယ်လုပ်တော့ ခြံတံခါးကထွက်လာတဲ့ သူ့ကိုမြင်လိုက်ရတယ်

"ကျစ် ဒီအချိန်ကျမှ တစ်ယောက်တည်းထွက်လာရလား" Mark စိတ်ပူမိတာအမှန် ~~~

လမ်းထိပ်က စတိုးဆိုင်ရောက်တော့ မုန့်တွေဝယ်နေတဲ့ P'Gunကို မ မြင်ချင်ယောင်ဆောင်ပီး အရှေ့က ဖြတ်လျှောက်လိုက်တယ် ~~~

"Hey N'Mark မလား" P'Gun နှု
တ်ဆက်မှ

"Sawadee krub P' မုန့်လာဝယ်တာလား"

"ဟုတ်တယ် Nongကဒီကိုဘယ်လို"

"ဒီနားက ဖြတ်သွားရင်း ဝယ်စရာလေးရှိလို့ " စကားပြောရင်း cashier မှာငွေရှင်းလိုက်တယ် P'လည်းဝယ်ပီးတော့

"P'ကို လိုက်ပို့ပေးမယ်လေ "

"မဟုတ်တာပဲ P'တစ်ယောက်တည်း ပြန်လို့ဖြစ်ပါတယ် "

"တစ်ယောက်တည်း ညဘက်သိပ်မထွက်ပါနဲ့ P' "

"ဘာလို့လဲ အရင်ကလည်းP' ထွက်နေကျပဲ "

"စိတ်မချလို့ "
Mark ပြောလိုက်တော့ Gun အံ့သြသွားသလိုဖြစ်ကာ

"Nong ကဘာကိုစိတ်မချတာလဲ"

"ဖြစ်နိုင်ရင် P'ကို ကျွန်တော်ပဲအ ကြိုအပို့လုပ်ချင်တာ P'ဘယ်ကိုပဲသွားသွား ကျွန်တော်လိုက်ပို့ချင်တာ "

"Nong ကဘာလို့လဲ" Gunတစ်ယောက် စိတ်ရှုပ်မိတာအမှန်~~~

"ဒီအတိုင်း စိတ်ပူလို့ပါ ~~~လာပါ ကျွန်တော်လိုက်ပို့မယ်" လို့ပြောပီး မုန့်ထုတ်တွေကိုဆွဲယူပီး ကားထဲဝင်ခဲ့လိုက်တယ်

Gunစိတ်ထဲလည်းတွေးမိတယ် ဒီကလေးကို သူနေ့တိုင်းမြင်တွေ့နေရတယ် ဒီရက်ပိုင်း အိမ်မှာ Nicနဲ့စာလုပ်ကြတယ် ကျောင်းပိတ်ရက်ရောဖွင့်ရက်ပါ အိမ်ကိုရောက်နေတတ်တာ ~~~
သူ Nicကိုပိုခင်လာလို့ဖြစ်မှာပါလေ လို့ပဲတွေးလိုက်တယ်~~~

More Than Forever ( COMPLETED ) Where stories live. Discover now