*2*

322 20 0
                                    

#ကျောခိုင်းရာ

ဝေးခဲ့ပြီဆိုတော့လည်း
အတိတ်လေပြေတွေ ဖျတ်ခနဲတိုက်ခတ်တိုင်း
ထိရှလွယ်လွန်းတဲ့
အတွေးလွင်ပြင်ထဲက
မီးခိုးရောင်တိမ်တိုက်တွေအကြောင်း
မပြောပြလိုက်တော့ဘူး

ငါကတော့
စုဘူးထဲက တမ်းချင်းအသေကလေးတွေကို
လေတံခွန်လို လွှတ်ရင်း
တိမ်တွေရှိရာ တစ်ကိုယ်ထဲ ခရီးဆက်နေပါ့မယ်

တချို့တံခါးတွေကို
ဖွင့်ဖို့ မဖြစ်နိုင်တော့တဲ့အခါ
ပြဒါးတလမ်း သံတလမ်းဘဝမှာ
ငါတို့ နေသားကျဖို့ ကြိုးစားကြရုံပါ

ထွေထွေထူးထူးမဟုတ်ပါဘူး

အိပ်မရတဲ့ညတွေဆို
အထီးကျန်ခြင်းနဲ့ အတူထိုင်ရင်း
သတိရခြင်းနှင်းစက်ကလေးတွေ
ငါ့အပေါ်ခုန်ဆင်းရာကစ
ကျန်ခဲ့သော ရက်စွဲတွေရဲ့
ဆံနွယ်တမ်းခြင်းကဗျာမှာ
ငါ နစ်မြုပ်ရခြင်း အကြောင်းအရာတွေပါ

အဲ့ဒီလိုအင်ဆန္ဒတွေလည်း
တဖြေးဖြေး
ခြောက်သွေ့သွားမှာပဲမဟုတ်လား

ကျောခိုင်းခဲ့ခြင်းမှာ
ငါတို့ မှန်ကန်ကြပါစေ .....။

#Moriarty

'ဝေး'Where stories live. Discover now