🍷 Heart Copy 🍷 ep.25
အတွေးပေါင်းစုံနဲ့အတူလေးလန်နေတဲ့စိတ်တွေPerthအသစ်တွေ့ပြီးကိုယ့်ကိုထားသွားခဲ့ရင် perth ကစပြီးလမ်းခွဲစကားဆိုလာခဲ့ရင်ရော
ငါဘယ်လိုလုပ်ရမလဲ 😔
Saintတစ်ယောက်အတွေးပေါင်းစုံနဲ့တွေးတောနေလိုက်တာအချိန်တောင်မကြည့်မိ နောက်မှအတွေးတွေရပ်ပြီးနာရီကြည့်လိုက်တော့ ၉နာရီတောင်ထိုးနေပြီ အခုထိလည်းဘာမှမပြင်ဆင်ရသေး ပွဲက ၁၀နာရီမှာဆိုတော့ပြင်ဆင်ဖို့က၁နာရီသာကျန်၏
Saintတစ်ယောက်အိမ်ပြန်အဝတ်အစားလဲပြီးရေချိုးရအုန်းမှာမို့ကုတင်ကနေဆင်းတဲ့အချိန်ချော်ပြီးဘေးကခုန်ကိုတွန်းမိသွားတော့ ခုန်ပေါ်ကပစ္စည်းတွေကကြမ်းပြင်ပေါ်ပြုတ်ကျကုန်လေရဲ့
" ဟာကွာအချိန်ကမရှိပါဘူးဆိုနေမှကျစ်"
Saintကျနေတဲ့ပစ္စည်းတွေကိုအမြန်ကောက်လိုက်တယ် ကောက်ရင်းနဲ့ အနည်းငယ်ထိုးထွက်နေတဲ့ လက်စွပ်တစ်ကွင်းကိုတွေ့လိုက်တော့Saintလည်းထိုလက်စွပ်နဲ့စာအုပ်နဲ့ကိုယူလိုက်တယ်
လက်စွပ်ကိုကြည့်လိုက်တော့
" ဒါငါတို့ရဲ့စင်တူလက်စွပ်ပဲ perthဘာလို့မဝတ်ထားတာလဲ ......"
Saintလက်စွပ်ကိုကြည့်ရင်းအကြည်ရောင်အရေတချို့က ပါးပြင်ပေါ်ကိုကျဆင်းလာခဲ့တယ် saintမျက်ရည်စတွေသုတ်လိုက်ပြီး လက်ထဲကိုင်ထားတဲ့အနက်ရောင်စာအုပ်တစ်အုပ်ကိုဖွင့်လိုက်တယ်
🖤 တစ်နေ့တစ်နေ့မင်းမသိအောင်ငါမင်းကိုလိုက်ချောင်းနေရတာပင်ပန်းလှပြီ ခနလောက်ပဲစောင့်ပေးငါမင်းနဲ့ထာဝရအတူနေဖို့ ငါကြိုးစားနေတယ် လောလောဆယ်တော့မင်းဘေးနားငါမရှိပေးနိုင်သေးဘူးဒါပေမဲ့ငါအခုစီစဉ်နေတဲ့ငါ့ကိစ္စတွေပြီးပြတ်တဲ့နေ့မင်းနဲ့ငါတစ်သက်လုံးနေနိုင်ပြီငါမင်းကိုအရမ်းချစ်တယ် 🖤
Saintစာကိုဖတ်ပြီးပေမဲ့ဘယ်သူ့ကိုပြောလည်းဆိုတာသိပ်နားမလည်သေးနောက်တစ်ရွက်လှန်လိုက်မှ Saintရဲ့မျက်ရည်တွေစာရွက်ပေါ်သို့Saintဖတ်လိုက်တဲ့စာက
🖤 တောင်းပန်ပါတယ် Saint မင်းနားလည်လိမ့်မယ်လို့ငါထင်တယ်ငါ့လုပ်ရပ်တွေအတွက် ငါတကယ်တောင်းပန်ပါတယ်🖤
YOU ARE READING
Heart Copy
Fanfictionperth saint (sonpin & pinson) ဒီficက Sonpin နဲ့ Pinson ရောပြီးရေးသားထားတဲ့ficပါ 20++အခန်းလည်းများတာမို့မဖတ်ခင်ကြိုသတိပေးပါတယ် နော် ဖတ်ပြီးမှနှာခေါင်းသွေးယိုရင်သာသာ့အပြစ်မဟုတ်ပါ Reader တွေရဲ့အပြစ်ပါနော် 💕
