အခုဆို Can လည်း မုန်တိုင်းတွေပြီး ဒဏ်ရာ ဒဏ်ချက် တွေလည်းဆေးကုခံပြီးနောက် နောက်ထပ်ကုသဖို့ စင်္ကာပူ ထွက်သွားရတော့မည်။
တခြားေကြာင့်တော့မဟုတ် ဘဝရှေ့ရေးအတွက် အတည်တကျ သိက္ခာရှိရှိလေးဖြစ်ချင်တာရယ် Mae အလုပ်ကို ဦးစားပေးချင်တာကြောင့် စင်္ကာပူ မှာ ဒီဇိုင်နာ သင်တန်းတစ်ခုကို သွားတက်ဖို့ပဲဖစ်လေသည်။ကြီးကြီးနှင့် Mae ကို ထိုင်ကန်တော့လိုက်တော့ ရင်ထဲမှာ ဆို့ဆို့နင့့်နင့် ခံစားလိုက်ရလေသည်။
Mae သားလေး ပျော်ရွှင်ပါစေ.. ..အောင်မြင်ပါစေ ကွယ်
ငါ့တူလေး ကျန်းမာရေးကောင်းပြီး.....ကိုယ်လိုချင်တဲ့ဘဝတစ်ခုကို ထူထောင်နိုင်ပါစေကွယ်
သားကိုလိုက်မကို့ကြနဲ့နော်၊ သေသေချာချာပြောပြီးသားနော်၊ နောက်ကလည်းလိုက်မလာနဲ့ သား ဦး Rin နဲ့ပဲသွားမယ် Mae တို့လိုက်ပို့ရင် သား ငိုမိလိုက်မယ်
အံမယ် ....မငိုဘူးတဲ့ကလေးကများ....
ဟုတ်ပါ့
လူပျိုကြီးဖြစ်ချင်လာလို့လားမသိပါဘူးMae ရယ်....မျက်ရည်လွယ်လာ တယ်
အောင်မာ....အပျိုကြီးလူပျိုကြီးဖြစ်ရင် ငိုချင်လာတာမဟုတ်ဘူး .....ရယ်ချင်လာတာ .....မဟုတ်မှလွဲရော ကြီးကြီးနဲ့အမေ မသိအောင် ကွယ်ရာမှာ အချစ်ဇာတ်လမ်းတွေများ ရိုက်ထားသလား မှန်မှန်ပြောစမ်းအာ...မဟုတ်ပါဘူး Mae ကလည်း သွားခါနီး ငိုချင်လာအောင်ထပ်မပြောနဲ့ တော့ သားက Mae တို့နဲ့ ခွဲရမှာကြောက်လို့ ငိုတာပါနော်
ဟုတ်ပါပြီ ...ဟုတ်ပါပြီ ခွဲခွာရမယ့်အကြောင်းတွေ ထပ်မပြောနဲ့တော့....သင်တန်း ကဖြင့် ဘယ်လောက်မှကြာတာမှမဟုတ်တာ
ကဲ ဦး Rin ရေ သားလေး ကားပေါ်တက်မယ်နော်ဟု Mae ကထွက်ဖို့ပြင်တော့တာကြောင့် Mae ကို ခပ်တင်းတင်းဖက်ပြီး ပါးပြင်ကိုနမ်းလိုက်သည်။ ပြီးတော့ ကြီးကြီးကိုလည်းဖက်ပြီး ပါးပြင်ကိုနမ်းလိုက်သည်။
YOU ARE READING
ချစ်သူလူလည်ချစ်ဓားပြလေး 💙💚[completed]
Fanfictionလိုချင်တာမရရအောင်ယူတတ်တဲ့Can တစ်ယောက် Tin ကိုတွေ့ပြီး Tin မှာ ချစ်ရတဲ့သူရှိနေတဲ့အခါ ဘယ်လိုမျိုး လုပ်ပြီး ရယူမလဲ 😉😉