👑 LOVE IS WITH YOU 👑အချစ်ဆိုတာ ချိုတယ်။
အမုန်းဆိုတာ ခါးတယ်။
Cappuccino လို ခါးသပ်သပ် အရသာမျိုးပေါ့ ။အမုန်းဆိုတာ ဘယ်လို ခါးသလဲ တိတိကျကျပြောရရင် ကျွန်တော့်ရဲ့ အဖြူစွပ်စွပ် အကျီင်္လေးပေါ် စွန်းထင်းကုန်တဲ့ ကော်ဖီခါးခါးတွေလိုမျိုး ဒေါသတွေက ကျွန်တော့်စိတ်ကို ထကြွစေသမှုပြုလို့ အမြင်ကပ်ခြင်း ကြည့်မရခြင်းနဲ့အတူ ခါးသပ်မှုတွေက ပိုလို့တိုးစေတယ် ။
ဘယ်သူ့ကိုလဲ ဆိုရင်တော့ ကြောင်စီစီမျက်ဝန်းလေးတစ်စုံက ကျွန်တော့်ကို ကြည့်ရင်း အူတိအူလယ်ပုံလေးနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေတဲ့ ကျွန်တော့်အရှေ့က ပုပုလုံးလုံးနဲ့ ထိုငနဲလေး Park Jimin ကို ။
ဘယ်နဲ့ဗျာ
မစဉ်းစား မဆင်ခြင်လုပ်လိုက်တာများ ။
ငှက်ပျောသီးတလုံးကို စားပြီး အခွံကို ပစ်ချင်သလို
စွန့်ပစ်ရအောင် ဒီနေရာက သူပိုင်တဲ့နေရာလား ။သူ့ပိုင်နက်မြေလား ။
စွန့်ချင်သလို စွန့်ခွင့်ကို စည်ပင်ကနေ ပါမစ်ရတာထားတာလား သူက ။
မပြောလိုက်ချင်ဘူး တကယ်။
မပြောကို မပြောချင်ဘူး ။
သူလုပ်လိုက်တဲ့ အပြုအမူကနေ လူတဖက်သားကို ဘယ်သို့ဘယ်ပုံ ထိခိုက်သွားနိုင်သလဲဆိုတာ သူ့ရဲ့ အဲ့ ရွှေအိုရောင် ဆံနွယ်လေးတွေနဲ့ လှလှပပ ဖုံးလွှမ်းထားတဲ့ ရွှေဦးနှောက်ကြီးက မတွေးမိဘူးတဲ့လား ။
လူလေးကတော့ ကျော့လို့မော့လို့ ။ ရှင်းလို့ သန့်လို့ ။
အမလေးလေး....နောက်ပြီး ခုနတုန်းက လေလေးတိုက်တိုင်း လွင့်လွင့်သွားတဲ့ သူ့ဆံနွယ်လေးတွေကို သပ်သပ်တင်ပြီး ပဲတွေများနေခဲ့တာများ မတ်ပဲတို့ ဘိုစားပဲတို့ ပဲမျိုးနွယ်အသီးသီးက သူ့ကို အဘခေါ်ရမယ်။
YOU ARE READING
Love Is With You
Romanceအချေကိုယ်တော်ချောလေး Min Yoongi နဲ့ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီး နေရာတကာပါတဲ့ စပ်စုစိန်လေး Park Jimin ...။ ဖူးစာစစ်မှန်တဲ့ Yoonmin နှစ်ယောက်ကို ပေါင်းဖက်ဆုံစည်းနိုင်အောင် L.O.V.E လို့ ခေါ်တဲ့ အချစ်နတ်သမီးလေး ကဘယ်လို အောင်သွယ်တော်လုပ်ပေးမလဲ ဆိုတ...