ပျောက်သောက်လမ်းမှာ စမ်းတဝါးဝါး
မိုးမိုး(အင်းလျား)💮 ၁၉၇၄ ခုနှစ် အမျိုးသားစာပေ (ဝတၳုရှည်)ဆုရ စာအုပ် 💮
▪ ရုရှားဘာသာ ဂျပန်ဘာသာ တို့်ဖြင့်လည်း ထုတ်ဝေခဲ့သည် ▪
♥
" ကိုကိုနဲ့လှိုင် စတွေ့တုန်းက လှိုင် ဘာရောင် ဝတ်ထားလဲဟင် "
ကျွန်မက အတိတ်ကိုစဉ်းစားမိရင်း ကိုကို့ကို ကောက်ကာငင်ကာ မေးမိ်သည်။ ကိုကိုက ပြုံးပြီး သွက်သွက်လက်လက်ပင် ပြန်ဖြေသည်။
" လုံချည်ပန်းရောင်ကလေးနဲ့၊ နှစ်ထပ်ဇာအကျႌပန်းရောင်လေးပေါ့ လှိုင်ရာ "
ကိုကိုက ကျွန်မလက်ကလေးကို ချစ်သူဘဝကလို ဆုပ်ကိုင်ပြီး ပြန်ဖြေသည်။
"ဒါ့ဖြင့် လှိုင်တို့ လက်ထပ်တဲ့နေ့ကရော ဟင်"
ကိုကိုတွေဝေသွားသည်။ ကျွန်မမျက်နှာကို အားငယ်စွာဖြင့် ကြည့်နေသည်။
♥
" မြမြရေ အစကလေ ကိုယ်တို့နှစ်ယောက် အင်းလျားရောက်တိုင်း အနာဂတ်အတွက် မျှော်လင့်ချက်တွေ၊ ကြည်နူးစရာတွေကို တွေးတွေးပြီး အမြဲပျော်ခဲ့တယ် ၊ ခုများတော့ ဒီနားရောက်ရင် ကိုယ့်ဘဝမှာ ရည်မှန်းတာတွေ မဖြစ်ခဲ့ပါလားလို့ သတိရပြီး ငိုချင်တယ် ”
♥
ရန်ဖြစ်ပြီးမှ လမ်းခွဲရတာနှင့်စာလျှင် ချစ်လျက်နှင့် မလွှဲသာလို့ ခွဲခွာတာကမှ တော်ဦးမည်။
♥
ဇာတ်လမ်းအကျဉ်းမှာ ဘွဲ့ရပြီးအလုပ်မရသေးတဲ့ မိန်းကလေးတယောက် အိမ်ထောင်ပြုပြီးကာမှ ဖြစ်ပေါ်လာရသည့်ဒုက္ခများကို ဖော်ညွှန်း ရေးသားထားသည်။ မပြည့်စုံသေးဘဲနှင့် ကြင်ဖက်ယူတော့ အိမ်ထောင်ရေးသုခကိုပင် အပြည့်ဝမခံစားနိုင် အမြဲစိတ်ဆင်းရဲနေရသည်။
ခင်ပွန်းဖြစ်သူမှာ လှိုင့်အပေါ်မကောင်းလို့လားဆိုလည်း မဟုတ်။ လှိုင့်ကို အတော်ပင် ချစ်ရှာပါသည်။ လှိုင်က စိတ်ထားနူးညံ့ပြီး စိတ်ကူးယဉ်တတ်သည့် မိန်းကလေးမို့ ဒီဒုက္ခတွေကို မခံစားနိုင်တာဟု ထင်မိသည်။
အိမ်ထောင်ရေးကို လှိုင့်လို စမ်းတဝါးဝါးနှင့် မလျှောက်မိစေရန် အရေးကြီးလှသည်။
(ငါလေးလဲ အသက်ကြီးပြီ 😩 )♥
▫ ▫ ▫ ▫ ▫ 2019 JUNE 23 ▫ ▫ ▫ ▫ ▫ ▫
ကျွန်မရဲ့စိတ်တွေ အောက်ဆုံးရောက်နေချိန်တိုင်း ဆရာမ၏စာအုပ်တွေဖတ်ပြီး စိတ်သက်သာရာ ရခဲ့သည်။ ဆရာမ၏ဇာတ်ကောင်တွေမှာ တကယ့်လူတွေရဲ့စရိုက်ကိုအခြေခံထားသဖြင့် ဆင်ခြင်စရာ တွေးစရာတွေ အများကြီးပါ၍ ဖတ်ရတာ ပိုမို နှစ်ခြိုက်သဘောကျမိသည်။ ♥
YOU ARE READING
လက်လှမ်းမှီသရွေ့ဖတ်သော စာအုပ်များ
Randomစာအုပ်တွေ ပြန်ဖတ်တော့မည်ဟူသော ရည်ရွယ်ချက်ဖြင့် မိမိဖတ်ခဲ့သည့်စာအုပ်များကိုလည်း နောင်တွင် မှတ်မိနေစေရန်