"သမီးငယ်ရယ်"
"ဟုတ်တယ်လေ မေမေ သမီးကိုဖုန်းဝယ်ပေးရင်
မေမေဒီလအသုံးစရိတ် ကျပ်သွားမှာပေါ့""သူများတွေ လူတိုင်းလိုလိုသုံးတော့ သမီးငယ်ကို
ပါသုံးစေချင်တာပေါ့""မရှိလည်းဖြစ်ပါတယ် မေမေရယ်"
"ဘယ်ဟုတ်မလဲ....အရေးအကြောင်းဆိုမေမေလဲ
သိရတာပေါ့ မေမေလည်းဝယ်မယ် သမီးကိုလည်းဝယ်
ပေးမယ်"
နောက်ရက်မှာ မေမေယူလာပေးသောဖုန်းကို မီးငယ်လက်
ခံလိုက်လေသည်။
"မီးငယ် ...ဖေဖေဆီသွားမတွေ့ဘူးမဟုတ်လား""ဟုတ်"
"ဒီဖုန်းက သမီးငယ်ဖေဖေပေးခဲ့တာပဲ မယူဘူးမငြင်းနဲ့
သူဆီက သမီးငယ်ဘာမှကိုလက်မခံဖူးဘူးလေ
သမီးအဆောင်လိပ်စာ မေမေပေးထားခဲ့တယ်
ဖေဖေကိုသွားတွေ့လိုက်ပါ""ဟင်အင်း မတွေ့ချင်ဘူး"
***"ဒါဆိုမီးငယ် နင့်ဖေဖေက ဒီမှာရှိမှာရှိတယ်ပေါ့"
"ဘယ်မှာနေတာလည်း"
"မမှတ်ထားဘူး"
"မီးငယ် ဖေဖေက bossဖြစ်ရမယ်။ဘာလိုလဲဆိုတော့
မီးငယ်ကိုဝယ်ပေးတာ i phone new update ကြီးဟ""ဟုတ်လား"
Phoneအကြောင်းတွေတော့ နားမလည်ပါ၊မေမေ့လက်ခံလို့သာ
ယူရတာ။မဟုတ်ရင် ဒါတွေမမက်မောဘူး။မီးငယ်လိုချင်တာ မိဘ
ရဲ့ရင်ခွင်အရိပ်။ဒါပင်မဲ့ရွှေသမီးငယ်မွေးကတည်းက ကံဆိုးပါ
တယ်။အမေက မီးငယ်ကိုမွေးမွေးပြီးချင်းမှာ ဆုံးသွားခဲ့တာ။
အမေ့အမ လက်ထဲချန်ရစ်ခဲ့ပြီး ဖေဖေကထွက်သွားခဲ့တယ်။
နောက်ကြောင်းတွေကို ပြန်တွေးမကြည့်တော့ပါ။
***"နွေးထွေးသူလား"
"ဟုတ်တယ် ..အခုကဘယ်သူလဲ"
"တို့ ပါ"
"သြော်....ဒါနဲ့ ရှင်ကမီးငယ်တို့အဖွဲ့ထဲကမဟုတ်လား
မီးငယ် အနားမှာရှိလားဟင်"
YOU ARE READING
Dream Impossible
Non-FictionHave a short story............ "မပြည့်စုံတဲ့အိမ်မက်တွေ လိင်တူခေါင်းစဉ်တွေနဲ့ ငယ်စဉ်မှာ အချစ်ကငြင်းပယ်တာကို ခံခဲ့ရတယ်"