final~

7.4K 469 33
                                    

"အင်းးးး"

ထိုးကိုက်​​နေ​သော​ခေါင်းကိုအသာဖိကိုင်​ရင်း
ဆယ်​ဟွန်းမျက်​လုံးဖွင့်​ကြည့်​မိ​တော့ မျက်​နှာကျက်​ဖြူ ဖြူ ကြီး....

ငါဘယ်​​ရောက်​​နေတာလဲ??

ဘေးဘက်​​တွေကိုမျက်​လုံး​ဝေ့ကြည့်​​တော့မှ
ဆေးရုံခန်းမှန်းသိလိုက်​ရ၏...

"သား သတိရလာပြီ"

"​ဖေ​ဖေ~"

ဖေ​ဖေကဘယ်​လို​ရောက်​လာတာလဲ?
ဦး က​ရော ?? အန်​တီဂျင်​ဟီး​ရော
ဘယ်​လိုဖြစ်​သွားပြီလဲ??

ဆယ်​ဟွန်းသိချင်​စိတ်​​တွေများကာ
ချက်​ချင်းထထိုင်​လိုက်​ပြီး

"​ဖေ​ဖေ သားဒီကိုဘယ်​လို​ရောက်​​နေတာလဲ
ပြီး​တော့ ဦး​ရော??"

"သားရယ်​ ​နောက်​မှ​မေးပါ သားကအခုမှသတိရခါစ​လေ နားပါအုံး"

"ဟင့်​အင်း သားကိုအကုန်​​ပြောပြပါ
အရမ်းသိချင်​​နေပြီ အဟင့်​"

ဖေ​ဖေကသက်​ပြင်းတစ်​ချက်​ကာ
အသံခပ်​တိုးတိုးဖြင့်​...

"လီဂျင်​ဟီး ဆုံးသွားပြီ"

"ဗျာ!!"

ဆယ်​ဟွန်း အံသြတုန်​လှုပ်​သွားရတယ်

"ဟုတ်​တယ်​ ​ခေါင်းထဲ​သွေးခဲပြီး
ခွဲစိတ်​ခန်းထဲမှာပဲဆုံးသွားတာ"

"အ အဟင့်​ ..."

"သား ဘာလို့ငို​နေတာလဲ အခုမှ
နေ​ကောင်းခါစကိုကွာ"

"သား သား​ကြောင့်​ ဦး ဦးက​ရော??
ဦးသားကိုမုန်းသွားပြီလားဟင်​??"

"မမုန်းပါဘူး အခုတရားရုံးမှာအစစ်​ခံ​နေရတယ်

"ဘာဆိုင်​လို့ ဦးကအစစ်​ခံရတာလဲ?
သား​ကြောင့်​ဖြစ်​တာ​လေ!!"

"သား စိတ်​​အေး​အေးထားပါ ​ဖေ​ဖေ​ပြောတာ​တွေကိုတစ်​ခုချင်းနား​ထောင်​"

"..........."

"ချန်း ချန်း​ယောလ်​က သူ​ကြောင့်​ပါလို့
ဝန်​ခံသွားခဲ့တယ်​"

"ဗျာ!! မ မဟုတ်​ဘူး​လေ သား သား​ကြောင့်​​လေ

"​ဖေ​ဖေ သိတယ်​ သူ​တောင်းဆိုမူပါ"

သို့~ ချစ်​ရပါ​သော ဦး...[Completed]Where stories live. Discover now