ဂျွန်းဂျူံးဂုပြန်သွားထဲ ကထယ်ယောင်အိမ်ထဲမှာပင်လသားလေးကို ဖက်ကာ ငူငူငိုင်ငိုင်ကြီးဖြစ်နေရှာသည်.
ဘာမှမသိတဲ့သားလေးကတော့သူ့ရင်ခွင်ထဲမှာအိပ်နေတာ တုပ်တုပ်တောင်မလှူပ်ချေ.... မနက်ဖြန် DNA စစ်ရင် သေချာပေါက် ဘွန်းဘွန်းလေးဟာ သူ့သားဆိုတာ ပေါ်ချေတော့မည်...အဲ့လိုသာဆို သားလေးကို သူ့လက်ထဲ ထည့်ပေးလိုက်ရမှာလား....ကြောက်ရွံ့စွာပါးပြင်ပေါ်ကျလာသော မျက်ရည်တွေကိုသုတ်ကာ သား ကိုသာ တင်းကျပ်စွာဖက်တွယ်ထားမိသည်... သားလေးကို ဂျူံးဂု လက်ထဲ ဘယ်လိုမှမထည့်ပေးနိုင်......သားလေးကသူ့ဘဝဘဲမို့ သား သာ မရှိရင်သူသေသွားနိုင်သည်....
ထွက်ပြေးရမယ်...
ဟုတ်တယ်....သူ သားလေးနဲ့ ဂျွန်းဂျူံးဂုမရှာနိုင်တဲ့တစ်နေရာကို ထွက်ပြေးရမည်....
ထိုအကြံရသည်နှင့် အိပ်မောကျနေသောသားလေးကို
ကြမ်းပြင်မှာခဏချကာ အိပ်ခန်းထဲမှ လိုအပ်သည့် အဝတ်ထည်သုံးလေးစုံနှင့် သားလေးရဲ့ ဆေးမှတ်တမ်းအဝတ်စား နို့ဘူး တွေကို အိတ်ထဲအကုန်စုထည့်ကာ အချိန်ပိုင်းလုပ်မှရလာသောစုထားသည့် ငွေအချို့ ကို လက်ကိုင်အိတ်ထဲ ပစ်ထည့်ပြီးသည်နှင့် အိပ်မောကျနေသည့် သားလေးကိုပွေ့ချီကာ ထိုအိမ်ထဲမှ လျင်မြန်စွာထွက်လာခဲ့သည်...**********
နှစ်ချူ ပ်စာရင်းတွေကို လက်မှတ်ထိုး နေရင်းနဲ့မှ အခန်းထဲကို ဝင်လာသော အိမ်တော်ထိန်း ဆော့ဂျင်ကို သူမော့ကြည့်မိလိုက်သည်....
"ဂျွန်းလေးထင်တဲ့အတိုင်းဘဲ....... ကင်မ်ထယ်ယောင်းနဲ့ ကလေး အခု ထွက်ပြေးသွားပါပြီတဲ့..."
"ကင်မ်ထယ်ယောင်းမဟုတ်ဘူးလေ... ဂျွန်းထယ်ယောင်း.."
ဂျူံးဂုစကားကြောင့်ဆော့ဂျင်ပြုံးမိလိုက်သည်..
"ကျွန်တော်မျိုးစကားမှားသွားပါတယ်.."
"ဘယ်ကိုထွက်ပြေးလဲဆိုတာ မျက်ခြေမပြတ်စေနဲ့လို့ နမ်ဂျွန်ကို ပြောလိုက်ပါ....နောက်ပြီးအခုချက်ချင်း ကားအသင့်ပြင်ထားပါ..ကျွန်တော်ကိုယ်တိုင်သူတို့အနောက်ကိုလိုက်မယ်...."
ဆော့ဂျင် သူ့အား အရိုသေပြုတာကို အသိမှတ်ပြာသည့်အနေနဲ့ ကြည့်ပြီးနောက် အပြင်ဘက် ကိုသူကြည့်မိလိုက်သည်...
"သူ့အနားကနေ ထွက်ပြေးချင်နေတဲ့ ထိုကောင်လေးအားကြိုးနဲ့ချည်ပြီး တိုင်မှာတုပ်ထားရင်များ ကောင်းမလား.."
********
ဂွမ်းဂျူ ကို သွားမည့် ကားလက်မှတ်ကိုဖြတ်ပြီးသည်နှင့်သက်ဆိုင်ရာကားကိုအမြန်ရှာကာ ထိုကားပေါ်မှာ သူ စိတ်လှူပ်ရှားစွာ ထိုင်နေမိသည်...