Forget Me Not {1}

1.4K 161 18
                                    

ကောင်းကင်သည် လေငြိမ်၍မိုးတိမ်ကင်းစင်နေသည်။ သို့သော်... မိုးမရွာခဲ့သည်ဟုမဆိုလိုပြီ။ လွန်ခဲ့သော မိနှစ်ပိုင်းကမှ အကြောင်းကြားစာမပါဘဲ သည်းကြီးမည်းကြီးရွာချခဲ့သော ထိုမိုးကောင်းကင်က ယခုမုန်လာဥလုပ်ကာမသိခြင်ထောင်ထောင်နေခြင်းဖြစ်သည်။ သို့တိုင် ... မိုးကောင်းကင်ကြီး တိမ်လွှာကင်းရှင်းနေခြင်းသည်လည်း Baekhyun အတွက် အထောက်အပံ့ကောင်းမဟုတ်။ တိမ်ကင်းကင်း/တိမ်ရှုပ်ရှုပ် Baekhyun ကတော့... စိတ်ရှုပ်မြဲ ခေါင်းအူဆဲဖြစ်မှာမို့ပင်။

အသုံးမကျတော့သော ... ရှေ့မှသီချင်းစာရွက်ကို Baekhyun လုံးချေကာ အလိုမရှိသောပိုးမွှားသဖွယ် ခပ်ဝေးဝေးသို့ပစ်လိုက်သည်။ ထို့နောက် ... မူလတန်းထဲမှစပြ်ီးလက်တွဲဖော်ဖြစ်ခဲ့သည့် ပါဝါရာဂဏန်းကျော်မျက်မှန်ကို ကိုင်းမှကိုင်ကာချွတ်လိုက်၍ မိမိခေါင်းကိုပါမျက်မှန်နှင့်အတူ စားပွဲပေါ်တစ်ပါတည်း မှောက်ချလိုက်လေသည်။

" အခ်ျိန်ကုန်တာပဲအဖတ်တင်တယ် ... စိတ်ပျက်စရာပဲ ..."

စုတ်တစ်ချက်သပ်ကာ စားပွဲထောင့်ကနာရီကိုကြည့်လိုက်တော့ ... လက်တံတိုက ကိုးဂဏန်းကိုညွှန်ပြနေလေပြ်ီ။ ပုံမှန်မိမိအလုပ်သွားရမည့်အခ်ျိန်ရောက်ခါန်ီးပြီမို့ ... ကားသော့နှင့်ဖုန်းကိုယူကာ အိမ်တံခါးပိတ်လို့ထွက်လာခဲ့သည်။

ချမ်းကိုက်အောင်အေးသည့် ကိုရီးယားဆောင်းသည် Baekhyun အကြိုက်ရာသီတော့မဟုတ်ပေ။ ဆောင်းရာသီတစ်လျှောက်လုံး အနွေးထည်သုံးထည်လောက် ကိုယ်ပေါ်တင်ထားရသည်က သိပ်တော့အဆင်မပြေလှဘူးမလား ....

" Hello .. Baekhyunnie ! ရောက်ပြီလား .. ခနနော်... ငါ ဒီ Customer ပြီးတာနဲ့ထွက်လာမယ်"

" မြန်မြန်လုပ် "

ယခုနေ,နေသည့်တိုက်ခန်းကိုအတူစပ်ငှားထားသော အခန်းဖော်၏ဆိုင်ရှေ့၌ကားရပ်ကာ စီးကရက်တစ်လိပ်ထုတ်သောက်ဖြစ်သည်။ Baekhyun သည် စီးကရက်ကိုကြိုက်လွန်း၍သောက်နေခြင်းတော့မဟုတ်။ ဒီအတိုင်း ... လိုအပ်လို့။ လိုအပ်တယ်ထင်ရလို့သောက်နေယုံပင်။ သို့တိုင် ... စီးကရက်သာ နှစ်လိပ်ကျော်လို့ သုံးလိပ်မြောက်ပင် မီးသေတော့မည်။ အနှီအခန်းဖော်ပုဂ္ဂိုလ်ကတော့ ယခုထိ ဆိုင်ပြင်ပသို့ထွက်မလာသေးပေ။ စိတ်မရှည်တော့သော Baekhyun ၏လက်ချောင်းတို့သည် ... ထိုသူ၏နံပါတ်ကို ခပ်သွက်သွက်နှိပ်ပြီးဖြစ်နေ၏။

Forget Me Not ||S E B A E K ||Where stories live. Discover now