Zawgyi
ကြတ်......ကုန်း......
နားထဲအဲ့စာကလုံးနှစ်လုံးကိုပဲထပ်တလဲလဲ ပဲ့တင်သံထပ်လျက် ဘာတေဖြစ်ကုန်တာလဲ မဟုတ်ဘူး ဘာတေလဲဆိုတာကိုနားမလည်တော့ဘူး တကိုယ်လုံးလည်းအေးစက်လာသလိုခံစားရသည် မတ်မတ်ရပ်ထားသောခြေထောက်တို့ကလည်းခွေလဲချင်လာသည်
လူကမူးဝေလာသည် ရှေ့ကအဘိုးကြီးကလူလေး လူလေးအဆင်ပြေရဲ့လားတဲ့ အဒေါ်ကြီးနှစ်ယောက်ကော ကောင်လေးသုံးယောက်ကရောသူ့အားစိုးရိမ်တကြီးကြည့်လျက် ဟင့်အင်း အဆင်မပြေဘူး မဟုတ်ဘူး ကျွန်တော်မယုံဘူး ထယ် ဟုတ်တယ် ထယ်နဲ့တွေ့ပြီးအတည်ပြုရမယ်
သတိဝင်လာချိန်ပြေးထွက်ခဲ့ပြီဖြစ်သည် ကျွန်းတောအုပ်လေးဆီ ပြေးလာတဲ့တလျှောက်လုံးလည်း ခေါင်းကိုအသွင်သွင်ခါရမ်းလျက် မယုံကြည်ဘူး ကိုယ်တိုင်အတည်မပြုရသေးသရွေ့. ပြေးရလွန်းလို့ခြေထောက်တေလည်းနာကျင်နေပြီ
တောအုပ်လေးအဝင်ဝနားရောက်တော့ ခုမှသတိထားမိသည် စာရွက်အဖြူတေပတ်ထားသည် သစ်ပင်ပင်စည်ကြီးမှာ တစ္ဆေဝင်ပေါက် ဟင့်အင်း ကိုယ် ကိုယ်မယုံဘူးအဲ့ဒီဟာတေကို ထယ် ထယ်လာကြိုမယ်မလားဟင် ကျွန်းတောလေးထဲဆက်ဝင်ခဲ့သည် ပြေးရလွန်းလို့ဘာကိုမှမမြင်တော့ သစ်ကိုင်းတေနဲ့ပါးတေလက်တေကိုခြစ်မိလည်းနာဖို့တောင်သတိမရခဲ့ ထယ့်နာမည်ကိုသာတတွင်တွင်ခေါ်ယူကာတောနက်ထဲသာဆက်ဝင်ခဲ့သည်
ထယ့်အားဘယ်နားမှမတွေ့ရတော့ မနေ့ကပွဲလုပ်သည့်တောင်ကုန်လေးပေါ်ကိုမျှော်လင့်တကြီးတက်လာခဲ့သည် တောင်ထိပ်ရောက်တော့ ညွတ်ချင်နေတဲ့ခြေထောက်များကခွေကနဲ
အသက်ရှုပဲမဝတော့သလို ရင်တခုလုံးစို့နစ်လျက် ရင်တခုလုံးတခုခုတစ်နေသလိုတင်းကြပ်လျက် ရင်ဘတ်ကိုသာလက်သီးနှင့်တချက်ချင်းထုတော့လည်းသက်သာမသွား ဘယ်လိုခံစားကြီးလဲ ခံရခက်လိုက်တာ ငိုချပလိုက်ချင်တယ် အကျယ်ကြီး ခံစားချက်တေပွင့်ထုတ်ပြီး ခုမျက်ရည်သာအသွင်သွင်သာစီးကျလျက် အသံတို့ကထွက်မလာတော့ အသံထွက်ဖို့ကိုခြောက်ကပ်နေတဲ့လည်ချောင်းကခွင့်မပြု