Ep 10

397 42 6
                                    

3: 1

ဆေးရုံကို ရောက်တော့. Operation ခန်းကို အမြန်ပြေးသွားပြန်သည့် Baekhyun ရဲ့ နောက်ကို.. Kris သည်လဲ ထက်ကြပ်မကွာ လိုက်သွားလေရဲ့...

.................

Operation Room ဟူသည့် စာတန်းကြီးကို မြင်လိုက်သည်နှင့် ရင်ထဲ ပို၍ ပူလောင်လာရပြန်သည်။ထို့အတူ အခန်းရှေ့၌ မျက်နှာ အုပ်ကာ ထိုင်နေသည့် Lu hyung ကြောင့်.. hyung ရှိရာသို့ အမြန်ပြေးကာသွားလိုက်သည်။

Baek ' hyung ah.Chanyeol hyung က ဘယ်လိုဖြစ်ပြီး ..

သူ့အမေးကြောင့် ခေါင်းမော့လာသည့် Lu hyung ၏ မျက်ဝန်း၌လဲ မျက်ရည်တို့ တစ. တစ ထင်ကျန်နေသေး၏

Lu ' Hyung လဲ မသိဘူး... သူ hyung ကို ဖုန်းဆက်ပြီး... ချက်ချင်းဖုန်းလိုင်းကျသွားတာ... အဲ့ တာ hyung လဲ မေးစရာလေးရှိလို့ ဖုန်းပြန်ဆက်တော့...ဟင့်..

စကားကိုတောင် ဆုံးအောင် မပြောနိုင်တော့သည့်အထိ.. ရှိုက်ကာ ငိုနေပြန်သည့် hyung ကြောင့်..သူသည်လဲ ပိုလို့ hyung ကိုတိုးဖက် ကာ. ငိုနေရပြန်သည် ။
သူတောင်မှ Lu hyung လောက် Chanyeol Hyung ကို သိကျွမ်းသူမဟုတ်သေးဘူး မလား ...
သူကတောင် အဲ့လောက်ထိ စိတ်ပူနေရတာ..ညီအကိုလို လည်ပင်းပေါင်းဖက် ခင်မင်လာသည့်  Lu Hyung ဆိုရင် ဘယ်လောက်တောင် စိတ်ပူနေရမလဲ...

အချင်းချင်းဖက်ကာ ငိုယို နေသည့် ညီအကို နှစ်ယောက်ကိုကြည့်ရင်း.. Kris အလိုလို လက်သီးစုတ် မိသည်...အခုလို ငိုကြွေးနေကြတာက ဟိုကောင်ကြောင့်တဲ့လား...
မင်းတော် ပါတယ်Park Chanyeol...
ဒီဖြူစင်တဲ့ ညီ အကို နှစ်ယောက်လုံးကို မင်းသိမ်းသွင်းနိုင်ခဲ့ တာ...ဟတ်
ဒါပေမဲ့ ဖြူစင်တဲ့ ကလေးရဲ့ အချစ်ကိုတော့ မင်းဘယ်တော့မှ သိမ်းသွင်းလို့ရမှာမဟုတ်ဘူး...
မရအောင်လဲ ငါကိုယ်တိုင်က တားဆီးနေမယ်...
မင်းငါ့ဆီက လုယူသွားသမျှကို...ငါ မသတ်သာလို့ စွန့်လွှတ်ပေးခဲ့ရပေမဲ့... ကလေးရဲ့အချစ်ရော ခန္ဓာကိုယ်ပါ မင်းဘယ်တော့မှ မရစေရဘူး.....

ဝဲတက်လာသည့် မျက်ရည်ကို မကျစေရန် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ.. သူရှိနေမှန်းတောင် သတိထားမိမှာ မဟုတ်သည့်.. ကောင်လေးနှစ်ယောက်ကို ကျောခိုင်းကာ... ဆေးရုံမှ ထွက်လာခဲ့လိုက်သည် ။

You've reached the end of published parts.

⏰ Last updated: Jul 13, 2019 ⏰

Add this story to your Library to get notified about new parts!

3 Ratio 1Where stories live. Discover now