ကိုယ်သူ့ဆီ ပေးတဲ့စာမှာဗလာသက်သက်
အကန်းတစ်ယောက်ရဲ့လက်နဲ့ကဗျာကို ဘယ်ရေးတတ်ခဲ့ပါ့မလဲ။
နှင်းဆီဟာဆူးတယ် သူလည်းပြေးထွက်ခဲ့ချင်ခဲ့မှာပေါ့။
ဒါပေမဲ့..ကိုယ်ငိုကြွေးတိုင်းသူရောက်လာ..
မောင့် တယောသံဟာ သိပ်သာယာတယ်တဲ့လေ။
ညဟာသိပ်မှောင်တယ်၊ လရောင်ဟာသိမ်မွေ့စွာ ဖြာကျနေလေရဲ့
အရောင်မစုံတဲ့ ကိုယ့်ကမ္ဘာမှာသူဟာသိပ်လှတဲ့ခံစားချက်၊
ကျိန်စာသင့်နေတဲ့ မျက်လုံးတစ်စုံကို တေးဆိုကာလွင့်ပြယ်စေခဲ့။
ပထမဆုံး အလင်းဟာသိပ်လှတယ်
ဖမ်းမဆုပ် ထားခဲ့ရင် ကိုယ်ဟာသိပ်မိုက်မိမပေါ့။
ကိုယ့်ရဲ့ အချိန်က ဒီကပြန်စတယ်
ဂီတသံ ကလည်းပျံ့လွင့်လျက်
ကြယ်တွေကလည်းပြုံးလျက်
မောင် ကလည်း 'မ' ကို သိပ်ချစ်ပါသတဲ့လေ။