တစ်ပတ်၊
တစ်ပတ်တိတိရှိပြီ။သူကျတော့်ကို အဆက်အသွယ်မလုပ်တာ...တစ်ကယ်ပဲစိတ်နာသွားတာလား
အဲ့နေ့ညက သိမ်းပိုက်မိခဲ့လို့လား?
ချစ်လို့ပါ...
hyungအတွက်နာကျင်သွားရင် တောင်းပန်ပါတယ်မှန်ပါသည်။
Kim namjoon ဆိုသောလူသားအတွက်
သူ့ခမျှာ ခေါင်းမီးတောက်နေရရှာတာ...
ထိုကိစ္စကြီးဖြစ်ပြီးတဲ့နောက်မ၍ jin သူ့ကိုအဆက်အသွယ်မလုပ်တော့ခြင်းဖြစ်သည်။Kim seokjin မှာလည်း
မာနကြီးမားသူပင် ဖြစ်၍ ထိုနေ့ညကိစ္စမှစ၍
Namjoon ကိုအဆက်ဖြတ်ထားတော့သည်။သူ့အတွက်namjoon ရှေ့ရောက်ရင် ဘယ်မျက်နှာ နဲ့တွေ့ရမှန်းမသိဖြစ်နေတာလား ဒါမှမဟုတ်
ရှက်တာလား ၊ ကြောက်တာလားတော့ ဆော့ဂျင်ကိုယ်တိုင်မသိပါ။ဒါပေမဲ့ နမ်ဂျွန်းနဲ့ ရင်မဆိုင်ရဲသေးတာတော့ သူ့အတွက်အရှက်သည်းသောကိစ္စဖြစ်မည်။
အခုလည်း
သူ့ဘက်မှ ဂင်ဆော့ဂျင် ဆိုသော
သူရဲ့တစ်ဦးတည်းသောချစ်ရသူ ကို ဘယ်နေရာကနေ ဘယ်လိုစချော့မလဲဆိုတာကို ခေါင်းကုတ်လိုက်၊တွေးလိုက်၊ငိုင်လိုက်နဲ့ တစ်ရက်လုံးအချိန်ကုန်သွားတော့မယ်။အခုဆို
ကောင်းကင်ပေါ်က ဝါထိန်ထိန်နေလုံးကြီးတောင်ပျောက်ကွယ်လုနီးပါး....Kim namjoon ဆိုသော လူသားကအဆန်း..
သူ့ hyung နဲ့ စကြိုက်ကတည်းက ဆော့ဂျင် အကြိုက်တွေကို .ခေါင်းအစ ခြေအဆုံး. သေသေချာချာ သူ့ရဲ့ဦးနှောက်ထဲတွင် မှတ်တမ်းတစ်ခုအဖြစ်သိမ်းစီးထားတတ်သူ ဖြစ်သည်။ဆော့ဂျင်ဆိုသူမှာ မိမိကြိုက်တတ်တဲ့ snack တွေက အစ ကလေးစားသမျှ အရာတွေအချိန်ပြည့် ပါးစပ်ထဲတွင် ထည့်ထားတဲ့ သူ ဖြစ်တာကြောင့် ...
နမ်ဂျွန်း ဆော့ဂျင်ကို ချော့ဖို့ plan ချလိုက်တော့သည်။>>>>>>>><<<<<<<<<
Valentine day မဟုတ်သော်လဲ
ချောကလတ် အပြည့်ထည့်ထားသော ဘူးကြီးကို
မနည်းမကာ ဆော့ဂျင်နေသော dorm သို့
တက်တက်ကြွကြွ ခြေလှမ်းများဖြင့်သွားနေသူမှာ တစ်ခြားသူမဟုတ် ငါးခူအပြုံးပိုင်ရှင် kim namjoon ပင်။
YOU ARE READING
Mr.Dimple
Fanfictionseokjin-"monnie ဖြစ်နိုင်ရင် ငါမင်းပါးချိုင့်ထဲဝင်နေချင်တယ်" knj+ksj yaoi