ကျန်းချန်စိတ်မပါလက်မပါနဲ့ မနက်အစောကြီးထပြီး ခရီးတစ်ခုအတွက်ပြင်ဆင်နေရပြီ
ပွဲလမ်းသဘင်မကြိုက်ပါဘူးဆိုမှ ဂိုဏ်းချုပ်ဖြစ်တည်းက ပို့လိုက်ကြတဲ့ ဖိတ်စာတွေ
အခုလဲ လန်လင်ဂိုဏ်းကိုပါ တွဲဖက်အုပ်ချုပ်ပေးနေရတော့ ပိုလို့တောင်ဆိုးရွားလာသေး
ဘယ်ကလာမှန်းမသိတဲ့ အောင်သွယ်တွေကော ပုံတူကားချပ်တွေကော
လာသမျှ ဇီထျန်နဲ့ရိုက်လွှတ်ရရင်လဲ မကောင်းတဲ့ဝိဥာဉ်တင်မကဘူး ရှိတဲ့ဟာပါလွင့်သွားမှ ...ဟင်းးးးးဘယ်ကမှန်းမသိတဲ့ အဖေ့ရဲ့ မိတ်ဆွေဆိုတာကလဲ မိတ်ဖက်ရွေးချယ်ပွဲလာဖိတ်သေးတယ်
နေကြပါဦး ငါလူပျိုကြီးအတိုင်းနေတာ ဒင်းတို့ကိုတော်တော်များ စိတ်ဖိစီးစေသလားဟဖခင်ရဲ့မိတ်ဆွေဆိုလို့သာ လက်ခံရတယ် စိတ်ကမကြည်ဘူးရယ် မြန်မြန်သွား မြန်မြန်ပြီး မြန်မြန်ပြန်လာရမယ်
ခရမ်းနွယ်တဲ့ ၀တ်စုံကိုသေသေသပ်သပ်ဝတ်ပြီး အရင်ဆံပင်အပြောင်သိမ်းထုံးရာကနေ တစ်ဝက်ထုံးတစ်ဝက်ဖြန့်ချပြီး ပြင်ဆင်လိုက်တယ် ခရမ်းရောင်ပိုးကြိုးနဲ့ဆံပင်ကိုစည်းနှောင်ပြီး
လက်စွဲတော်ဓားဆီလက်လှမ်းတော့'ခဏလေး အဲ့ပွဲမှာ ဓားဆောင်သွားသင့်ရဲ့လား မဆောင်သင့်ဘူးလား'
~~~~~~~~
လှေတစီးနဲ့ ကြာမြိုင်လယ်ဥယျာဉ်ဖက်ကို လာခဲ့လိုက်တယ် ဘယ်နေရာကြည့်ကြည့် ကြာပန်းပွင့်တွေချည်းပဲမို့ လူတိုင်းကဒီနေရာမှာ ပွဲလမ်းသဘင် ခဏခဏလုပ်ကြတယ်
အင်းလေ မိတ်ဖက်ရွေးတယ်ဆိုမှတော့ ရှူခင်းကောင်းလေးပဲရွေးရှာမပေါ့ကူတို့ကို ရောက်တော့ ဖြည်းဆေးစွာ လှေပေါ်ကဆင်းလာတော့ မရှေးမနှောင်းရောက်နှင့်နေတဲ့ မိန်းမပျိုတွေက သူ့ကိုလှမ်းကြည့်ကာ လက်ထဲကယက်တောင်လေးတွေ မျက်နှာကိုကာရင်း ပြုံးနေကြတယ်