' ကိုကြီး ကိုကြီးလို့ ခေါ်တာ ငါ နားကြားမျဉ်းကပ်တယ်
ခု ငါ့ကို ဒီအခန်းထဲက ထွက်စေချင်တာ မလား '' ဗျာ ဟုတ် '
' အ့ဆို ဒီနေ့ကစ ကိုကို လို့ ပြောင်းခေါ်ကြည့် '
' ဗျာ '
' ကျစ် တ ဗျာ ဗျာနဲ့ အဲ့တာတွေ မကြိုက်တာ '
ခေါင်းလေး ငုံ့ လက်နှစ်ဖက်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားပီး
စိတ်လှုပ်ရှားနေဟန် ပေါက်တဲ့ သူ့အနားကို ကျနော် တိုးကပ်သွားတော့ မော့မကြည့်ဘဲ နောက်တစ်လှမ်းဆုတ်သွားသည် ။ဂျောင်ဆူး မင်းကို အဲ့တာ တွေ ကြည့်မရတာ ။
အမြဲ ငါ့ကိုဆို သရဲ သဘက်တွေ့နေရတဲ့ အတိုင်း ။
သူ ဒီအိမ် စရောက်လာတဲ့ နေ့ကတည်းက မျက်နှာချင်းဆိုင်
တွေ့တဲ့ အချိန် စကားပြောတာက လွဲလို့ ကျန်တဲ့ အချိန်ဆို
အမြဲ တိတ်ဆိတ်နေတတ်တဲ့ သူ ။တစ်ခုတော့ ရှိတယ် ။
သူ့အဖေက ကျနော့်ကို ' သားငယ် ဒါ မင်း ကိုကြီးလေ သားကြီးကို
အဖေ ခုမှ ပြန်တွေ့တာ ' လို့ မိတ်ဆက်ပေးတဲ့ အခါက
မျက်လုံးလေး ပြူးပီး ' ဗျာ ဟုတ် အဖေ ' လို့ ပြန်ပြောပီး
ဘာမမေး ညာမမေးနဲ့ ကျနော့်လို လူတစ်ယောက်ကို
ကြည်ကြည်ဖြူဖြူ အကို တစ်ယောက် အဖြစ် လက်ခံခဲ့သူ ။' ဂျောင်ဆူး '
' ဗျာ ကိုကြီး '
' ကိုကို လို့ ခေါ်ပါဆိုကွာ မင်းက လိမ္မာရဲ့သားနဲ့ '
' --------'
သူ့လက်တစ်ဖက်ကို ဆွဲကိုင်ကာ လက်တစ်ဖက်က သူ့မျက်နှာကို
ဆွဲကိုင်ပီး မော့စေလိုက်သည် ။' ငါ့ကို ကြည့် ငါ့ကို အကို တစ်ယောက်လို မင်း သဘောမထားသေးပါဘူးကွာ '
ကျနော် ကိုင်ထားတဲ့ သူ့လက်ကို လွှတ်ချလိုက်ပီး
စိတ်ပျက်သလို ခေါင်းခါရင်း နောက်ဆုတ်လိုက်သည် ။
အဲ့ချိန်မှ ကျောက်ရုပ်လေးက ပြာယာ ခတ်ပီး သူ့အနား တိုးလာသည်။' မဟုတ်ပါဘူး ကိုကြီးကို သား အကို အဖြစ် လက်ခံတာပေါ့ '
အသက် 17 နှစ် ကျော် ရှိပီ ဖြစ်သော်လည်း ကျနော့်ထက် 1 နှစ်
မျှသာ ငယ်သော်လည်း စကား ပြောရင် သား သား လို့ သုံးတတ်တာ
သူ လေး က ။' ဘား တစ်ခုမှ ပြစ်မှား ကျူးလွန်မိခဲ့လို့ ရခဲ့တဲ့ ကလေး
လွန်ခဲတဲ့ 18 နှစ်တာ ကာလလုံး ဘယ်ရောက်နေမှန်း မသိဘဲ
ခုမှ အဖေ့ အိမ် ရောက်လာတဲ့ ကောင်ကို မင်းက လက်ခံတာ
သေချာလို့လား ငါ မင်း ရမယ့် အမွေတွေ တစ်ဝက်ခွဲယူမယ့် ကောင်လေ '' အဖေတောင် လက်ခံတဲ့ ကိစ္စကို သား ထိုင်ငြင်းနေလို့မှ မရတာ ၊
ပီးတော့ အဖေက သူ့အမှားကို မသိခဲ့လို့ ခုလို ပစ်ထားခဲ့တာပါ ၊
ခု သူ သိတော့ တာဝန်ယူခဲ့တယ် ၊ အဖေကိုလည်း နားလည်တယ် ၊
ပီးတော့ သား အမွေ မမက်ဘူး ၊ ကိုကြီး အကုန်လုံး ယူသွားလည်း
ရတယ် ၊ အဓိကက အဖေ့ကို စိတ်ဆင်းရဲအောင် မလုပ်ပါနဲ့ ၊
အဖေက သူ့အမှားအတွက် နောင်တရလို့ မဆုံး ဖြစ်နေတာ '' အဖေ ချစ် သားလေးပဲ ၊ အ့ဆို ကတိ တစ်ခု လုပ်ရအောင်လေ
မင်း အဲ့တာကို လက်ခံရင် အဖေကို မင်း ဆက်ဆံ စေချင်တဲ့
အတိုင်း ဆက်ဆံမယ် ဘယ်လိုလဲ '' ဘာ ဘာ ကတိလဲ '
' ခုက စပီး ငါ့ကို ကိုကို လို့ ခေါ်ရမယ် ကျောင်းမှာ ငါတို့
အဖေတူ အမေကွဲ ညီအကိုဆိုတာ ဘယ်သူ့ကိုမှ အသိမပေးရဘူး
ပီးတော့ ခုက စပီး ငါ မင်း အခန်းမှာ အိပ်မယ် '' ဗျာ '
ဒီလိုနဲ့ ကျနော် ဖန်တီးတဲ့ ဇာတ်လမ်းလေး တစ်ခု အစ ပြုခဲ့တယ် ။
____________
စိတ်ထဲ ရှိတာ လျှောက်ရေးထားတာ ဖြစ်လို့
ဇာတ်လမ်းဖြစ်အောင် ရေးဖို့ အချိန် အတော် ကြာဦးမယ်
ထင်ပါတယ် ။အရေးအသား မကောင်းတာ သေချာတာမို့
အားနာနာနဲ့ ကြို ဝန်ခံပါရစေ ။ရေးတာ ပျင်းတာရော စဉ်းစားတာ ကြာတာရော
အရေးအသား မကောင်းမှာ ကြောက်တာရော ကြောင့်
ဆက်ပီး ရေးဖို့ အားမရှိဘူး ။ဆက်ရေးဖြစ်ခဲ့ရင်လည်း သည်းခံပီး ဖတ်ပေးဖို့
တောင်းဆိုပါတယ်နော် ။
YOU ARE READING
Nothing On YOU
Fanfiction' ငါ့ ကိုယ် ငါ တောင် ဘာကောင်မှန်း မသိခဲ့လို့ စိတ်ပျက်မိတဲ့ ငါက မင်းကို တွေ့ခဲ့တဲ့ အချိန်က စ ငါ့ အနာဂတ်တွေဟာ ရှေ့ဆက်ဖို့ အား ရှိခဲ့တယ် ' ပတ်ချန်းယောလ် ' မဖြစ်နိုင်တာ သူက ငါ့အကိုလေ အကို တစ်ယောက်ကို တမ်းတမ်းစွဲ ဖြစ်...