111 ဝမ့်ရှန့် နေ့တိုင်းဆိုနေ့တိုင်းပဲ 1

11.9K 781 10
                                    

နေအလင်းရောင်ကား ထွက်မလာသေးပေ ။ လမ်းမထက်တွင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်သည် ။ ဝေဝူရှန့်နှင့်လန်ဝမ့်ကျီး အတူတူလမ်းလျှောက်လာရင်း မြေပြင်သို့ထိခတ်နေသော မြည်းခွာသံတိုးဖျော့ဖျော့ကိုသာ ကြားနေရသည် ။

ဝေဝူရှန့်ကရှောင်ဖင်းကော်ကျောပေါ်တွင်ထိုင်ရင်း တင်ပါးကိုပုတ်ပေးနေသည် ။ ရှောင်ဖင်းကော်ကျောထက်ရှိအိတ်ထဲတွင် ကြွပ်ဆတ်သောပန်းသီးများလျှံနေအောင်ထည့်ထားပြီး ထိုပန်းသီးတွေကလန်ဂိုဏ်းကတပည့်များက သူ့အတွက်ပြင်ဆင်ပေးလိုက်သောသရေစာဖြစ်လောက်သည် ။

ဝေဝူရှန့်ကအိတ်ထဲမှပန်းသီးတစ်လုံးကိုထုတ်ယူကာ ပါးစပ်နားကပ်လိုက်ပြီး လန်ဝမ့်ကျီး၏ချောမောခန့်ညားသောမျက်နှာကို ဘေးစောင်းကြည့်ရင်း ကြွပ်ရွသောပန်းသီးကိုအသံမြည်အောင်တစ်ချက်ကိုက်လိုက်သည် ။

မိမိပန်းသီးတွေကို အရှက်မရှိစွာ ခိုးစားခံနေရတာကြောင့် ရှောင်ဖင်းကော် စိတ်ဆိုးကာ နှာမှုတ်ပြီး ခွာကိုဆောင့်နေတော့သည်။ေ၀၀ူရှန့်က ရှောင်ဖင်းကော်ကို ဂရုမစိုက်ဘဲ လေးငါးချက်ပုတ်လိုက်ကာ သူစားလို့မကုန်တဲ့ ပန်းသီးတစ်ဝက်ကို ရှောင်ဖင်းကော်ပါးစပ်ထဲ ထိုးထည့်ရင်း ပြောလိုက်သည်။
"လန်ကျန့် မင်းသိလား ... အဲဒီ စေးစေးကလေ ကျင်းကွမ်းယောင်အမေရဲ့သူငယ်ချင်းထင်တယ်"
လန်ဝမ့်ကျီးက ပြောလိုက်သည်။ "မသိဘူး"
ေ၀၀ူရှန့်က ရယ်ရမလား မရယ်ရမလားဆိုသည်ကို မသိတော့ဘဲ ပြောလိုက်သည်။
"ငါက ပြီးစလွယ်တစ်ခွန်းလောက်ပြောလိုက်ရုံပါကွာ ... မင်းကို တကယ်မေးနေတာလည်း မဟုတ်ပါဘူး ... ငါ ကွမ်ယင်ဘုံကျောင်းမှာ အဲ့ဒီအငြိုးအတေးကြီးတဲ့ဝိဉာဉ်ကို မျှဝေခံစားခြင်းထဲမှာ တွေ့ခဲ့တာ ... သူက ကျင်းကွမ်းယောင်အမေကို အတော်လေး ဂရုစိုက်တာကွ"
တဒင်္ဂခန့်ငြိမ်သက်သွားပြီး လန်ဝမ့်ကျီးက ပြောလိုက်သည်။
"ဒါကြောင့် ကျင်းကွမ်းယောင်က အဲဒီအမျိုးသမီးရဲ့အသက်တစ်ချောင်းကိုတော့ ချန်ပေးခဲ့တာပေါ့"
ေ၀၀ူရှန့်က ပြောလိုက်သည်။
"အဲ့လိုဖြစ်လောက်တယ် ... ငါအဲဒီတုန်းက ကျဲဝူကျွင်းက သူ့အပေါ်စိတ်ထပ်ပျော့သွားမှာစိုးလို့ ဖြစ်ကြောင်းကုန်စင်ကို မပြောပြခဲ့တာ ... အခုမှသူ့ကိုပြောတော့လည်း မသင့်တော်ဘူးလေ....."

魔道祖师 番外 缅语翻译Nơi câu chuyện tồn tại. Hãy khám phá bây giờ