Dream in love😘7😘

14 4 0
                                    

မိုးရာသီရဲ့ ဝေလီဝေလင်းမနက်ခင်း တခု
အချိန်အားဖြင့် လေးနာရီခွဲ ဖြစ်သည်

Baekhyun တယောက် အစောကြီးနိုးနေလေသည် မျက်နှာသစ်ပီး
ငါးနာရီမထိုးသေး၍ လက်တော့ပ် လေးကိုဖွင့်ကာထိုင်ကြည့်နေလေသည်

ခနနေတော့မှ chanyeol ကိုသွားနိုးလေသည်
တံခါးလောခ့်မချရ ဟူသောစည်းကမ်းတော့လိုက်နာသား

ကုတင်ပော်၌ အရပ်ကလန်ကလားနှင့် ခန္ဓာကိုယ်ကို ကန့်လန့်ကြီးစောင်း အိပ်ကာ စောင်ကိုခေါင်းမြှီးခြုံ ထားသော ချန်းယောလ်ကြောင့် ရီချင်သလိုလို

ကုတင်အစွန်းတစောင်းထိုင်ပီး

'Yeollie yeollie. ထတော့လေ ငါးနာရီထိုးပီ'

'Arr hyung ခနလေး'

'မရဘူးထတော့ အခုထဆိုထတော့ yeollie
မျက်နှာသစ်ပီးဆင်းလာခဲ့ စာကြည့်ခန်းထဲမှာစောင့်နေမယ်'

'ထပီ ထပီ'

*ဒီလောက်နိုးနေတာတောင်မထချင်ဘူး* chanyeolပျင်းချက် (ငါလေးကျနာပဲ)

မျက်နှာသစ်ပီးအောက်ထပ်ဆင်းသွားတော့ စာကြည့်ခန်းထဲမှာ အဆင်သင့်စောင့်နေတဲ့ baekhyunနဲ့ ဆံပင်ဖွာလန်ကျဲ အိပ်မှုန်ဆုပ်ဖွားမျက်နှာနဲ့ ငိုက်နေတဲ့ sehunတို့စောင့်နေကြသည်

'နှစ်ယောက်လုံးနောက်နေ့ကျရင် လေးနာရီမတ်တင်းထရမယ် နာရီတွေပေးထားတာဘာလို့ နိုးစက်မပေးကြတာလဲ sehun မင်းရောက်နေတာကြာပီ အခုထိနိုးစက်မပေးဘူးလား'

'Baek hyung ကလဲ သူ့အချိန်တန်ရင်နိုးတာပဲကို နိုးစက်ကမလိုဘူးလေ'

'အချိန်တန်နိုးမှာပေါ့ အသက်ထွက်အောင် ခေါ်နိုးမှ နိုးတာလေ အပိုတွေမပြောနဲ့ ညကနေစပီးနိုးစက်ပေးအိပ် ကြားလား နှစ်ယောက်လုံး'

'ဟုတ်ကဲ့ပါ hyung '

'အာ့ဆို စာ စသင်မယ် '

Baekhyunကသာ စာတွေဇွတ်သင်နေတာ နှစ်ကောင်သားငိုက်လွန်းလို့ တုတ်နဲ့ ထိုးထိုးပီး သတိပေးရတာ အမော

တနာရီခွဲနီးပါး စာတွေရှင်းပြပီးတော့

'ဒီနေ့ဒီလောက်ပဲ yeollie ကျောင်းပျက်ထားတဲ့နေကစာကို sehunဆီကပြန်ကူးထား နားမလည်ရင်လာမေး sehun စာအုပ်ငှါးပေးလိုက် '

Dream in loveWhere stories live. Discover now