♥တွေ့ဆုံခြင်း♥

527 43 3
                                    

အပိုင်း ( 1 )

"ဒေါက်တာ ဒိုဂျောင်ဆူးရှီ ဆေးရုံအုပ် ရှာနေပါတယ်"

"ဟုတ်ကဲ့ ကျွန်တော် အခုပဲသွားတွေ့လိုက်ပါမယ်"

Nurse မရဲ့စကား သံ အဆုံး ဆေးရုံအုပ်ရုံးခန်းသို့ ဦးတည်လိုက်သည်။ဘာအရေးကြီး ကိစ္စရှိလို့လဲ မသိ တော်ရုံဆို ရှာမှာမဟုတ်ဖူး ဆေးရုံအုပ်က....

ဒေါက်!ဒေါက်!ဒေါက်!

*၀င်ခဲ့ပါ*

"ဆရာ ကျွန်တော့်ကို ရှာနေတယ်ဆိုလို့ပါ"

"ဒီတခေါက်  စစ်ဘက်ဆိုင်ရာ ဆေးအဖွဲ့အစည်းမှာ ဒိုဂျောင်ဆူးကို ခေါင်းဆောင်အနေနဲ့ သွားစေချင်လို့ပါ"

"ဟုတ်ကဲ့.....ဘယ်ကို သွားရမှာလဲ ဆရာ"

" ဥရောပဘက်ကို.....သဘက်ခါ သွားရမယ် ပြင်ဆင်ထားပါ"

"ဒါဆို ကျွန်တော့ကိုသွားခွင့်ပြုပါအုံး"

ဆေးရုံအုပ်ကို အရိုအသေပေးပြီး အခန်းထဲက ထွက်လာလိုက်သည်။ဥရောပမှာ ပါးတို့ ရင်းနှီး မြုပ်နှံ ထားတဲ့လုပ်ငန်းတွေ ရှိတာကြောင့် အဲ့ဒီကို သွားရမှာ ထင်တယ်။ဟိုတလောကမှ နယ်ဘက်ကို ဆေးကုဆိုလို့ ပါသွားပြီး ပြန်လာတာသိပ်မကြာမသေးဘူး။အခုလည်း နိုင်ငံခြား ခရီးစဉ်တဲ့ ဥရောပဘက်မှာဆိုတော့ အနဲဆုံးတော့ ၂လလောက်တော့ကြာမှာ။အိမ်ကိုလည်း မပြန်ဖြစ်တာကြာပြီး နယ်ဘက်ဆေးကုကပြန်လာပြီး ကတည်းက မေမေတို့အိမ်မှာပဲသွား နေနေတာ။အခုလိုက်သွားရမယ်ဆိုတာလည်း မားကိုမပြောရဲသေးဘူး မားသိရင် ပြသနာတက်မှာ မေမေ့ကိုပဲ အသိပေးပြီး နောက်မှ မားကိုကြည့်ပြောခိုင်းရတော့မှာပေါ့။

*********************************************

ကျွန်တော်တို့ ဆရာဝန်ရယ် သူနာပြုရယ် အကုန်လုံးပေါင်း လူအယောက် ၂၀လောက် သွားကြရသည်။လေယာဉ်ပေါ်မှာ အိပ်လိုက် လာလိုက်ကြတာ နေ့ခင်း၂နာရီလောက်ကျမှ လေဆိပ်ကို
ရောက်သည်။လေဆိပ်ကနေတဆင့် ကျွန်တော်တို့ သွားရမဲ့ နေရာကိုရောက်ဖို့ တဆင့် ထပ်ပြီး သွားရအုံးမှာမို့ လာကြို မဲ့ လေယာဉ်ကို နေပူထဲမှာ အားလုံးရပ်စောင့်နေကြရတာ နာရီဝက်တောင်ရှိပြီ။နေခင်းပိုင်းဆိုတော့ အပူချိန်က အတော်ပူလှသည်။ကိုရီးယားက ရာသီဥတုနဲ့က အတော်ကွာခြားတာမို့ တော်ရုံလူ ဒဏ်မခံနိုင်ပေ။ကျွန်တော့် ဘေးမှာ ရပ်နေတဲ့ ဘတ်ဟွန်းဆို အသားအရေတွေ  ထိခိုက်လို့တဲ့ ငိုမဲ့မဲ့တောင်ဖြစ်နေပြီ။သူ့အတွက်က ဒီလိုမျိုးလိုက်လာရတာ ပထမဆုံး ဖြစ်တာကို။

My Heart Owner is YouWhere stories live. Discover now