♥သ၀န်တိုခြင်း ♥

410 46 6
                                    


အပိုင်း ( 2 )

မနက်ခင်း အိပ်ယာက ထလိုက်ပြီး အပြင်ကို ထွက်လိုက်တာနဲ့ တောင်တန်းတွေ ကွင်းပြင်ကျယ်တွေသာ တွေရမို့ လေကောင်းလေသန့်ကတော့ သေချာရသည်။ကိုရီးယားမှာဆို အဆောက်အအုံတွေက နေရာတိုင်းမှာ ပြည့်နေတာမို့ အသက်ရှုသိပ်မချောင်ပါ။ကျွန်တော်က ဒီလိုနေရာမျိုလေးတွေမှာ နေရာတာ ပိုသဘောကျသည်။မနက်ခင်းရဲ့ နေရောင်ခြည်က မျက်နှာကို လာ ကျရောက်နေမို့ မျက်လုံးကိုမှိတ်လိုက်တော့ လေနုနုလေးက ကျွန်တော့်မျက်နှာကို လာရောက်တိုက်ခက်နေတာကို ခံစားရသည်။တိုက်ခက်လာတဲ့ လေနုနုလေးကြောင့် ရှိရင်းစွဲ စိတ်အစုံကို ပိုမို လန်းဆန်းစေသည်။

မနက်ပိုင်းဆို ကျွန်တော်တို့နေရတဲ့ အဆောင်ရဲ့ အပြင်ဖက်ကို ထွက်ပြီး  အားလုံးမျက်နှာ သစ်ကြရသည်။ရေချိုးတာကတော့ စစ်သားတွေ နေတဲ့ အဆောင်ဘက်က ရေချိုးခန်းမှာ သွားချိုးကြရသည်။ကျွန်တော်တို့နဲ့သူတို့နဲ့ တစ်ဝန်းထဲ နေရတယ် ဆိုပေမဲ့ ဒီမှာက နေရာတွေက အတော်ကျယ်တာမို့ တနေရာနဲ့ တနေရာ ရောက်ဖို့ကို အတော်အလှမ်းဝေးသည်။

"အိုဆယ်ဟွန်းက အခုလို ပြေးနေလည်း ကြည့်ကောင်းတာပဲ"

လူတရပ်မကျော်တဲ့ အုတ်တံတိုင်း အပုလေး ပေါ် မေးတင်ရင်း
မနက်ပိုင်းဆို အပေါ်ပိုင်းဗလာနဲ့  အပြေးလေ့ကျင့်နေကြတဲ့ စစ်သားများစွာထဲက ဆယ်ဟွန်းဆိုတဲ့ တယောက်ကို ကြည့်ပြီး ပြောနေတဲ့ ဘတ်ဟွန်းရဲ့ အသံကြောင့် အဲ့ဒီနေရာကို ကျွန်တော် လှမ်းကြည့်လိုက်မိသည်။ဆယ်ဟွန်းကလည်း ပြေးနေရင်း လှည့်ကြည့်ပြီး ဘတ်ဟွန်းကို ပြန်ပြုံးပြသွားသည်။အဲ့နှစ်ယောက် တခုခုတော့ တခုခုပဲ။ပြေးနေတဲ့ လူများထဲတွင် သူ့ ကိုတော့ မတွေ့မိပါ။

"ကလေး"

မျက်နှာသစ်ပြီး ကျွန်တော်တို့ နေတဲ့အဆောင်ထဲသို့ ပြန်ဝင်မယ် လုပ်တော့ နောက်က ကြားလိုက်ရတဲ့ အသံကြောင့် အသံလာရာဘက်လှည့်ကြည့်လိုက်တော့ ကျွန်တော့်နဲ့သူ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားသည်။သူက ကျွန်တော့ကို သူ့၏ပါးချိုင့် နှစ်ဖက် ပေါ်အောင်ထိ ပြုံးပြနေသည်။မနက်ခင်း နေရောင်ခြည်ရဲ့ အောက်က သူသည် ဆံပင်တို့ကို သပ်ရပ်စွာလှန်တင်ထားပြီး သူ့၏ ရှည်လျားသော အရပ်အမောင်း ကျယ်ပြန့်သောပုခုံး ပြည့်စုံသောခန္ဓာကိုယ်တို့နှင့် လိုက်ဖက်စွာ ၀တ်ထားသော စစ်သား ၀တ်စုံသည်လည်း လိုက်ဖက်မှုထက် ပို၍ သူနှင့် ခန့်ညားစေသည်။သူကတော့ အပြေးမလေ့ကျင့်ဘူး ထင်သည်။

My Heart Owner is YouWhere stories live. Discover now