Part 2
" ရောက်သေးဘူးလား yoon! "
"ရောက်တော့မယ် ခဏလေးပဲစောင့် "
Yoonက Wang Yiboကို မျက်စိစီးပြီးခေါ်လာတာကြောင့် Yoon ဘယ်သွားနေလဲ Wang Yibo မသိပေ
" ရောက်ပြီလား "
ကားရပ်လိုက်တာကြောင့် Yibo မေးလိုက်သည်။
"ခဏ "
ခလုတ်နှိပ်လိုက်တာနဲ့ ခြံတံခါးပွင့်သွားပြီ ဝင်လာလိုက်သည်။
" ဖြေးဖြေးဆင်း"
အိမ်ရှေ့မှာ ကားရပ်လိုက်ပြီး Yiboမျက်စိကို ဖြည်ပေးလိုက်သည်
" Yoon! "
အရမ်းလှတဲ့ခြံအပြင်အဆင်ကြောင့် Yibo ပျော်သွားသည်။
" အဲ့လောက်ထိတောင်ပျော်လား
ဒါတောင်အိမ်ထဲထိဝင်မကြည့်ရသေးဘူး "" ဒါ ဘယ်သူနေတဲ့အိမ်လဲ အရမ်းလှတယ် ခြံထဲနဲ့တင် အရမ်းလှတယ် "
" အိမ်ထဲဝင်ရအောင် "
အိမ်ထဲဝင်ကြည့်ပြီးအံအားသင့်သွားသည်။အပြင်အဆင်တွေက တောထဲရောက်နေလို ပန်းခြံထဲရောက်နေသလို အလှဆင်ထားသည်။
" ဘယ်လိုလဲ ကြိုက်လား "
" အင်း အရမ်းကြိုက်တယ် "
Yibo ပျော်ပြီး Yoonကို ဖက်လိုက်သည်။
" အဲ့တာဆို ကိုယ့်တို့လက်ထပ်ရအောင် "
" ဟင် ဒါဆို ဒီနေရာက "
" မင်းနဲ့ကိုယ့် လက်ထပ်ပြီးရင်နေမဲ့အိမ် "
" Yoon! တကယ်ငါ့ကိုလက်ထပ်မှာလား ငါ့က.."
" မင်းနဲ့ကိုယ့်စချစ်ကတည်းက မင်းက ကိုယ့်လက်ထပ်ရမဲ့သူပဲ "
" ငါ့ကယောက်ကျားလေး တစ်ယောက်လေ ချစ်သူဖြစ်နေရင်တောင် လွန်နေပြီ လက်ထပ်ဖို့ ထိဆိုတော့ မင်းအ်ိမ်က ခွင့်ပြုမှာလား "
" ငါ့မိဘတွေက အင်္ဂလန်မှာနေတာ အကုန်နားလည်တယ် ခွင့်ပြုပေးတယ် Yibo မင်းကရော အစ်ကိုတစ်ယောက်ပဲ ရှီတယ်မဟုတ်လား "
" အင်း "
" အစ်ကိုဆီက ခွင့်ပြုချက်တောင်းပါသူပေးမှာပါ မင်းအစ်ကိုက အစ်ကိုရင်း မဟုတ်ဘူးမဟုတ်လား "
" ကိုကိုကြီးက ငါကိုအစ်ကိုအရင်းထက်တောင် ချစ်သေးတယ် လွယ်တော့မလွယ်ဘူး "
" ငါစောင့်ပေးပါမယ် မင်းအစ်ကိုလက်ခံတဲ့အထိ စောင့်ပေးပါမယ် "
"အင်း "
အစ်ကို့ကို မပြောပြခဲ့ဘူး ယောက်ကျားလေးတစ်ယောက်နဲ့ ချစ်သူဖြစ်နေတဲ့ ကျွန်တော့်ကို အစ်ကိုသိရင် ဘယ်လိုဖြစ်မလဲ အစ်ကိုစိတ်ပျက်လောက်တယ်
***
"ဘယ်ကပြန်လာတာလဲ "
အိမ်ထဲဝင်ဝင်ချင်းမေးခံလိုက်ရလို့ Wang Yibo လန့်သွားသည်။
" ကိုကိုကြီး "
" ငါ့စကားကိုအလေးမထားတာလား အပြင်ကိုတစ်ယောက်တည်း ထွက်တယ် Yibo!...မင်း နေချင်သလိုနေနေတာပဲ "
Xiao Zhan ဆူလိုက်တော့ Yibo ဘာမှပြန်မပြောပဲ ခေါင်းအောက်ငိုက်စိုက်ပြီး ငြိမ်နေသည်။ အပြစ်လုပ်ထားရင် အကျိုးအကြောင်း ဆင်ခြင်ဘာမှမပေးပဲ ငြိမ်နေတက်တဲ့ သူရဲ့ညီငယ်အကြောင်း သိတာမို့ ဘာမှမပြောတော့ပဲ အပေါ်တက်သွားလိုက်သည်။
" ကိုကိုကြီး! "
ညီငယ်အခန်းထဲထိလိုက်လာပြီး
" ကျွန်တော့်ကို ဆူပါ ရိုက်ပါ စကားမပြောပဲနဲ့ မနေပါနဲ့ "
" ကိုကိုကြီး ကလေးကိုဘယ်တုန်းက ရိုက်ဖူးလို့လဲ ကလေးကိုအရမ်းချစ်တာ သိရဲ့သားနဲ့ "
" တောင်းပန်ပါတယ် ကိုကိုကြီး "
ကိုကိုကြီး ကျွန်တော့်ကိုဖက်ထားပြီး
" ကိုကိုကြီးနဲ့နေလို့ တင်းကျပ်တယ်မထင်ပါနဲ့ ကိုကိုကြီးကလေးကို ချစ်လွန်းလို့ ပါ "
Yiboလည်း အစ်ကို့ ကိုချစ်တယ် ဒါပေမဲ့ တစ်သက်လုံးတော့ ကိုကိုကြီးဆီမှာနေသွားလို့မှမရတာ ဘယ်လိုလုပ်ရမလဲ စဉ်းစားရင်း ရင်လေးနေမိသည်။