part_15

12.5K 1.2K 69
                                    


''သောတရှင်များ...မင်္ဂလာပါ...''

မနက်ခင်း...radioမှတစ်ဆင့်ကြားလိုက်ရသောနူတ်ခွန်းဆက်သံကြောင့်taehyungတစ်ချက်မျှပြုံးလိုက်သည်...သူ့အတွက်တော့ဒီနေ့
မင်္ဂလာရှိသောနေ့တစ်ရက်မဟုတ်ခဲ့...မနက်ကတည်းကသခင်းသည်သူအားမနိုးဘဲအစောကြီးဘယ်ထွက်သွားလဲမသိသလို...အိမ်ရှိလူများကTvတောင်ကြည့်ခွင့်မပေး...အမြဲတမ်းလိုလိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေသေးသည်...သခင်ပုံစံကလည်းမနေ့ကလည်းကြည့်ရတာထူးဆန်းသလို...ဘာဖြစ်မှန်းမသိပေမဲ့ကောင်းတဲ့အရာမဟုတ်မှန်းတော့သူခံစားလို့ရသည်...ဘာများလဲလို့တော့သွားမမေးရဲ...မတော်လို့စိတ်ကွက်သွားမှဖြင့်...သက်ပျင်းလေးတစ်ချက်ချကာအရှေ့ကမုန့်ဗန်းလေးထဲကပန်းသီးစိတ်လေးကိုပါးစပ်ထဲပစ်သွင်းလိုက်သည်l

''ဟို...ခြံထဲခဏလမ်းလျှောက်မလို့...ရလား...''

သူ့အမေးကိုအစောင့်တွေကာပြုံးကာခေါင်းငြိမ့်ပြတော့သူအလျှင်အမြန်ပင်ခြံထဲကိုပြေးဆင်းကာဒန်းလေးပေါ်မှာခြေစုံပစ်ထိုင်လိုက်သည်...
လေကောင်းလေသန့်တစ်ဝကြီးရူရင်းစိတ်ကိုအပန်းဖြေလိုက်သည်...

ရုတ်တရပ်ခြံထဲကိုဘယ်ကနေဘယ်လိုကျလာမှန်းမသိတဲ့သတင်းစာကိုအပြေးအလွှားသွားကောက်လိုက်သည်...ငယ်ငယ်ကတည်းကသတင်းစာကိုအိမ်ထဲထိမှန်အောင်ပစ်တတ်တဲ့လူတွေကိုတွေ့ရင်တစ်နေ့သူလဲသတင်းစာကိုအိမ်ထဲထိရောက်အောင်ပစ်နိုင်ရမညဟုကြွေးကြော်မိသေးသည်...ငယ်ငယ်ကရူးရူးနှမ်းနှမ်းအကြောင်းများတွေးရင်သတင်းစာခေါင်းစီးပိုင်းကိုကြည့်မိတော့သူ့သွေးတွေပြောင်းပြန်စီးကုန်သည်

'Jeon Company groupရဲ့သူဌေး
jeon junngkookနဲ့မင်းသမီး...Lee Hannnaရဲ့သတင်း...ပြောရမယ်ဆိုရင်သခင်နဲ့ထိုမိန်းမချစ်သူတွေဖြစ်ကြောင်းနဲ့ဟိုတယ်
တစ်ခုမှအခန်းတစ်ခန်းထဲသို့အတူတူဝင်သွားသည့်ကြောင်း...ကျန်သောအထောက်အထားများစွာ...ဒါဆိုလျှင်ထိုသတင်းအမှန်ပဲလား!....အခုတောင်...Comfirm လိုက်ပြီဆိုတော့

သတင်းစာစက္ကူ လေးပေါ်မှာtaehyungမျက်ရည်တွေစွန်းထင်ကုန်သည်...နှလုံးသားတစ်ခုကတော့အလုပ်မလုပ်တော့...သခင်သည်...ရက်စက်သည်မဟုတ်ပါလား ...

My Doll (Complete)Where stories live. Discover now