5.6

4.1K 506 21
                                    

ပိတ်ရက်လေးလည်းဖြစ်တော့ အမြန်ထွမ်ပေးလိုက်ပါတယ် 😁😁

အမှတ်အသားလုပ်ပြီးနောက်ပိုင်း Aaronဟာ Jonathanနားကနေတစ်ဖဝါးမှမခွာတော့။ သူတို့ကြားကအချစ်ရေးဟာ ပိုပြီးပွင့်လင်းမြင်သာလာသည်။ ဘယ်နေရာသွားသွား လက်တွဲသွားလာကြသည်။

တစ်ဖက်မှာတော့ Darrenဟာ Aaronရဲ့အကောင်းမြင်ခြင်းခံရရေးအတွက် နည်းလမ်းရှာနေသည်။ ဒါပေမယ့် Jonathanကြောင့် Aaron သူ့ကိုကြည့်မရမှန်း သူသိသည်။ သို့သော် သူရဲ့ Zeon Groupကိုကယ်တင်ဖို့ရာအတွက် ဖြေရှင်းဖို့နည်းလမ်းရှာကိုရှာရမည်။

ဒီအတောအတွင်း Darrenဟာ Tristanဆီ မက်ဆေ့စ်တောင်မပို့ဖြစ် ဖုန်းတောင်မခေါ်ဖြစ်။ ထို့ကြောင့် Tristanလည်း စိုးရိမ်စိတ်ဝင်လာခဲ့ရသည်။

" Darren? " Tristanစိုးရိမ်ကြောင့်ကြစွာဖုန်းခေါ်လိုက်သည်။

" ကိုယ်အခုတစ်လော အလုပ်အရမ်းရှုပ်နေတယ်.... "

" ခဏလောက်တွေ့နိုင်မလား " Tristan အမေးကြောင့် Darren ပြန်မဖြေခင် တစ်ခုခုကိုစဉ်းစားလိုက်ပြီး " ...ကောင်းပြီ...Vicheမှာ...၃နာရီ "

Tristanအတွက် ဒါဟာ ချစ်သူတွေဒိတ်တာနဲ့မတူဘဲ အလုပ်ကိစ္စတစ်ခုချိန်းသလိုခံစားနေရသည်။ သူ့စိတ်တွေက အရမ်းချစ်နေကြတဲ့ Aaron နှင့် Jonathanကို တွေးနေမိသည်။

Jonathanက အရာအားလုံးကိုဆုံးရှုံးသွားတဲ့သူမဟုတ်လား။ သူကဘာလို့ခံစားနေရမှာလဲ။ ဘာကြောင့် Aaronကလည်း သူ့လိုအမှိုက်ကောင်ကို လိုချင်နေရတာလဲ။

Viche Cafeမှာ Tristanဟာ ကော်ဖီကိုနည်းနည်းစီသောက်ရင်း Darrenအလာကိုစောင့်နေခဲ့သည်။

" Tristan " Darren စိတ်ဓာတ်ကျနေသည့်အသံဖြင့် ခေါ်လိုက်သည်။

" Darren ထိုင်လေ "

" Tristan ကိုယ့်အကြောင်းကြားတယ်မဟုတ်လား၊ ကိုယ် မင်းအကူအညီလိုနေပြီ " Darren ထိတ်ထိတ်ပျာပျာတောင်းဆိုလိုက်သည်။ အခု သူနည်းလမ်းအားလုံးလိုလို သုံးကြည့်ပြီးပြီလေ၊ Jonathanနဲ့တွေ့ပြီး စည်းရုံးဖို့တောင် အခွင့်မရလေဘူး။

Tristanတိတ်ဆိတ်နေရာ Darrenဆက်ပြောနေမိသည်။ " မင်းကကြင်နာတတ်တဲ့သူဖြစ်လို့ Jonathanအနားကို ကပ်လို့ရမှာပါ။ ကျေးဇူးပြုပြီး...Aaronအကူအညီရအောင် Jonathanကိုအရင်ဆွယ်မှရမှာ။ Blakes နှင့် Zeonတို့ရဲ့ ဒီသဘောတူညီမှုက အရမ်းအရေးကြီးတယ်။ "

SYSTEM XIAO BAO ZI •|ARC-5|• [MM TRANSLATION]Where stories live. Discover now