******************
'ရွှယ်ယမ်' ဆိုသည့် နာဝ ကြားလိုက်ရသည်နှင့် လူအများ ပညတ်ထားသည်က 'ရွံစရာ ကောင်းလွန်းတဲ့ ဒုစရိုက်သမား' 'ကောက်ကျစ်တဲ့ မကောင်းဆိုးဝါး' 'မွေးမလာသင့်တဲ့ လူသတ်သမား' စသည် စသည်…
သူတို့ ပြောတာလည်း မှန်ပါတယ်…မှန်ကောင်း မှန်နေပါလိမ့်မယ်
ဒါပေမယ့် ရွှယ်ယမ်ကရော ဒီလို ဖြစ်ချင်ခဲ့သည်လား?
မွေးကတည်းက လူသတ်ချင်စိတ်တွေ ပွေ့ဖက်ပြီး မွေးဖွားလာခဲ့သည်လား?ကောက်ကျစ်တဲ့ မကောင်းဆိုးဝါးလေးမှာလည်း ဖြူစင်တဲ့ ကလေးဘဝလေးရှိခဲ့တာပေါ့…
အကြောင်းအကျိုး မလှခဲ့တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝ…
အချို သိပ်ကြိုက်လွန်းတဲ့ ကလေးလေးတစ်ယောက်ရဲ့ ဘဝ…မိဘလည်း မရှိတဲ့ ကလေးလေးတစ်ယောက် လမ်းပေါ်မှာ လျှောက်သွားနေမိတယ်… သူဗိုက်အရမ်းဆာတယ်…လမ်းဘေးက မုန့်ဆိုင်လေးတွေဆီက မုန့်ပေါင်းစုံရဲ့ ရနံ့က သူ့နှာဝမှာ လာကစားနေကြတယ်
အငွေ့တထောင်းထောင်းထနေတဲ့ ပေါက်စီပေါင်းအိုးနားကို သူကပ်သွားမိတယ် ရုတ်တရက် ခေါင်းကို ဖုန်းခနဲ အချခံလိုက်ရတဲ့ ကလေးလေးက အူကြောင်ကြောင်နဲ့ နာကျင်သွားတဲ့ သူ့ခေါင်းလေးကို လက်နှစ်ဖက်နဲ့ ပွတ်လိုက်မိတယ်
"သွားစမ်း သူတောင်းစားလေး!! မင်းရှိနေရင် ဝယ်သူတွေက ဘယ်လာတော့မလဲ? သွား သွား သွား ရှူး…"
ခပ်ဝဝ ဦးလေးကြီးတစ်ယောက် … သူ့ခေါင်းကို အားနဲ့ ရိုက်လိုက်တဲ့ ဦးလေးကြီးတစ်ယောက် သူ့ကို ခွေးမောင်းသလို မောင်းထုတ်လိုက်တယ်
ခုနှစ်အရွယ် ကလေးလေးတစ်ယောက် ထိုနေရာက မျက်စိ သူငယ် နားသူငယ်နဲ့ ထွက်လာခဲ့ရတယ် ပတ်ဝန်းကျင်က လူတွေကသူ့ကို သနားတဲ့ အကြည့်နဲ့ ကြည့်နေကြပေမယ့် သူအနီးကပ်လာရုံနဲ့ ဝေးဝေးကို ပြေးသွားကြတယ်
ဘာလို့ဆို သူက ညစ်ပတ်တယ်လေ… စုတ်တီးစုတ်ပဲ့ အဝတ်အစားတွေ မျက်နှာပေါ်က အိုးမဲတွေ ပွယောင်းနေတဲ့ ဆံပင်တွေ… ဘယ်လောက်ပဲ သနားတယ်ပြောနေနေ ဘယ်သူကမှ သူ့ကို အနီးကပ်မခံချင်ကြဘူးတဲ့…ဘယ်လောက်ပဲ သနားတယ် ပြောနေနေ ဘယ်သူကမှ သူ့ကို ရေလေးတစ်မှုတ်တောင် မတိုက်ကြဘူးတဲ့…
YOU ARE READING
Story Of Yi City
Fanfictionလူသုံးယောက်ရဲ့ ဝမ်းနည်းစရာ အဆုံးသတ်ဖြစ်ခဲ့တဲ့ ရီမြို့ (Just My Imagination)