🌧️အစ်​ကို့ဆီက ခါးသီးတဲ့ စကား​တွေ ကြားရတိုင်း မိုး​တွေ ရွာ​နေတတ်​တယ်​​လေ

363 28 2
                                    

Let it rain over me

Some feels the Rain, Others just get Wet.

☔ ☔ ☔ ☔ ☔


မိုး​​လေးက အရမ်းမသည်းပဲ ဖွဲဖွဲ​လေးနဲ့ ရွာကျ​နေတာ​ကြောင့်​ .. တစ်​ချို့က​ ထီးပင်​ မဖွင့်​​တော့ပဲ မိုး​ရေထဲမှာ.. ​ပျော်​​ပျော်​ကြီး ဖြတ်​သွား​နေကြသည်​ ... တစ်​ချို့က​တော့ ​​ရေစက်​​လေး စင်​​သည်​ကိုပင်​ မျက်​နှာရှုံ့မဲ့ကာ .. ထီး​ဆောင်းလျက်​ သွား​နေကြသည်​ ...

ကိုယ့်​ခံယူချက်​​ပေါ်လိုက်​ပြီး စိတ်​ခံစားချက်​​တွေ ​ပေါ်​ပေါက်​လာတာက​တော့ အမှန်​တရားဖြစ်​မယ်​ထင်​တယ်​ ...

ချွန်းအန်​တာတိန်းမန့်​နဲ့ အနီးဆုံးမှာ ဖွင့်​ထားတဲ့ ဆိတ်​ဆိတ်​ငြိမ်​ငြိမ်​ ​ကော်​ဖီဆိုင်​​လေး တစ်​ခုအတွင်း၌

' အစ်​ကို.. ကျွန်​​တော်​overseaသွားရမယ်​.. ၅ရက်​​လောက်​ကြာမယ်​.. ပြန်​လာရင်​ magazineကာဗာ ရိုက်​ဖို့လည်း ရှိ​သေးတယ်​.. ပြီးရင်​ ရိုက်​လက်​စ dramaကား အပြီးသတ်​ရမယ်​.. ကျွန်​​တော်​ အစ်​ကို့နားမှာ ​နေဖို​ အချိန်​မရှိဘူးအစ်​ကို .. "

ကိုယ့်​ဘက်​က​နေစကာ တိတ်​ဆိတ်​မှုကို ဖြိုခွဲလိုက်​ပြီး​နောက်​ ..

ကိုယ့်​​ရှေ့မှာ ချထားတဲ့ ​ကော်​ဖီ​ခွက်​ကို အသာမကာ.. နှုတ်​ခမ်းနား​တေ့လိုက်​သည်​.. ။ သကြားတစ်​စက်​မှ ထည့်​မထားတဲ့ ဘလက်​​ကော်​ဖီခါးခါးက​တောင်​ သူ့အတွက်​ချိုလာသလိုပဲ ... ခါးလွန်းတဲ့ တစ်​ချို့ အရာ​တွေနဲ့ ရင်းနှီးပါများတဲ့အခါ ​ကော်​ဖီခါးခါးတစ်​ခွက်​ကို​တော့ မမှု​တော့ဘူး​လေ

" ဒါပဲလား.. ကိုယ့်​ချစ်​သူ တစ်​​ယောက်​လုံးကို တစ်​လကြာမှ ​ပြန်ေ​တွ့ရတဲ့အခါ.. ​ပြောစရာက ဒါပဲရှိလား.. အစ်​ကို့မှာ ငယ်​နဲ့ ​တွေ့ချင်​လွန်းလို့ scheduleပြီးတာနဲ့ ​နောက်​​နေ့ကူးတာကို မ​စောင့်​ဘဲ.. ချက်​ချင်း ​လေယာဉ်​စီးပြီး ငယ်​ရှိတဲ့ ​နေရာကို ​ပြန်​လာခဲ့တာ.. "

ငယ့်​ကို စကားနာထိုးတဲ့အခါ.. ငယ်​ နာကျင်​ရတာကို ဖုန်းကွယ်​ထားရတာ.. အတိုင်းမဆ နာကျင်​ရတယ်​ .. ငယ့်​ကို နားလည်​​ပေးမယ်​ဆို ..

You've reached the end of published parts.

⏰ Last updated: Aug 19, 2019 ⏰

Add this story to your Library to get notified about new parts!

Let it rain over me 🌧️Where stories live. Discover now