Let it rain over me
Some feels the Rain, Others just get Wet.
☔ ☔ ☔ ☔ ☔
မိုးလေးက အရမ်းမသည်းပဲ ဖွဲဖွဲလေးနဲ့ ရွာကျနေတာကြောင့် .. တစ်ချို့က ထီးပင် မဖွင့်တော့ပဲ မိုးရေထဲမှာ.. ပျော်ပျော်ကြီး ဖြတ်သွားနေကြသည် ... တစ်ချို့ကတော့ ရေစက်လေး စင်သည်ကိုပင် မျက်နှာရှုံ့မဲ့ကာ .. ထီးဆောင်းလျက် သွားနေကြသည် ...
ကိုယ့်ခံယူချက်ပေါ်လိုက်ပြီး စိတ်ခံစားချက်တွေ ပေါ်ပေါက်လာတာကတော့ အမှန်တရားဖြစ်မယ်ထင်တယ် ...
ချွန်းအန်တာတိန်းမန့်နဲ့ အနီးဆုံးမှာ ဖွင့်ထားတဲ့ ဆိတ်ဆိတ်ငြိမ်ငြိမ် ကော်ဖီဆိုင်လေး တစ်ခုအတွင်း၌
' အစ်ကို.. ကျွန်တော်overseaသွားရမယ်.. ၅ရက်လောက်ကြာမယ်.. ပြန်လာရင် magazineကာဗာ ရိုက်ဖို့လည်း ရှိသေးတယ်.. ပြီးရင် ရိုက်လက်စ dramaကား အပြီးသတ်ရမယ်.. ကျွန်တော် အစ်ကို့နားမှာ နေဖို အချိန်မရှိဘူးအစ်ကို .. "
ကိုယ့်ဘက်ကနေစကာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီးနောက် ..
ကိုယ့်ရှေ့မှာ ချထားတဲ့ ကော်ဖီခွက်ကို အသာမကာ.. နှုတ်ခမ်းနားတေ့လိုက်သည်.. ။ သကြားတစ်စက်မှ ထည့်မထားတဲ့ ဘလက်ကော်ဖီခါးခါးကတောင် သူ့အတွက်ချိုလာသလိုပဲ ... ခါးလွန်းတဲ့ တစ်ချို့ အရာတွေနဲ့ ရင်းနှီးပါများတဲ့အခါ ကော်ဖီခါးခါးတစ်ခွက်ကိုတော့ မမှုတော့ဘူးလေ
" ဒါပဲလား.. ကိုယ့်ချစ်သူ တစ်ယောက်လုံးကို တစ်လကြာမှ ပြန်တွေ့ရတဲ့အခါ.. ပြောစရာက ဒါပဲရှိလား.. အစ်ကို့မှာ ငယ်နဲ့ တွေ့ချင်လွန်းလို့ scheduleပြီးတာနဲ့ နောက်နေ့ကူးတာကို မစောင့်ဘဲ.. ချက်ချင်း လေယာဉ်စီးပြီး ငယ်ရှိတဲ့ နေရာကို ပြန်လာခဲ့တာ.. "
ငယ့်ကို စကားနာထိုးတဲ့အခါ.. ငယ် နာကျင်ရတာကို ဖုန်းကွယ်ထားရတာ.. အတိုင်းမဆ နာကျင်ရတယ် .. ငယ့်ကို နားလည်ပေးမယ်ဆို ..
YOU ARE READING
Let it rain over me 🌧️
FanfictionI want to be kissed in the rain by him. ☔💋 Mini Story ! Written by @S_Haneul 🦀🦀