(Zawgyi)
ကျွန်တော့်နာမည်က Wang Yi Bo။
ကျွန်တော်က တစ်ဦးတည်းသောသားဖြစ်လို့ မိဘတွေကလည်း အရမ်းချစ်တယ်။ ကျွန်တော့်ကိုအလိုလိုက်ကြပါတယ်။ ကျွန်တော်က မောင်နှမသားချင်းလည်းမရှိတာကြောင့် တစ်ဦးတည်းကစားရတဲ့ အချိန်တွေလည်းရှိတယ်။ သုံးလေးနှစ်လောက်ထိ အမေ့ကိုကပ်တုန်း။အသက်အရွယ်အလိုက် ကျွန်တော် စိတ်ဝင်စားမှုတွေလည်းပြောင်းလဲလာတယ်။ ယောက်ျားလေးဖြစ်လို့ စက်ရုပ်တွေလည်းသဘောကျတယ်။ စက်ရုပ်တွေဆက်ရတာ သဘောကျတယ်။ ဂိမ်းစက် အဖေဝယ်ပေးတော့လည်းဆော့တာ လက်က မချဖြစ်။ ဒါပေမဲ့ စကားနည်းတဲ့ ကျွန်တော်က သူငယ်ချင်းတွေ အများကြီးတော့ မရှိခဲ့ဖူးဘူး။ ကိုယ့်ဘက်ကလည်း စခေါ်တတ်တာ မရှိတော့ အချေတစ်ယောက်ပုံစံလို ဖြစ်နေခဲ့တယ်။ စကားတစ်ခွန်းကို စိတ်ထဲက မပါဘဲ မပြောတတ်တော့ ဆရာမတွေ ချစ်တဲ့ တပည့်ကျော်လေးလည်းမဟုတ်ခဲ့။ အတန်းထဲ ချောင်ကပ်ပြီး ဂိမ်းဆော့ရင်ဆော့ မဆော့ရင်လည်း စာသင်ရတာကို သိပ်စိတ်မဝင်စား။
နောက်တော့ ကတာကို တော်တော်စိတ်ဝင်စားသွားမိတယ်။ ကတဲ့အချိန် ကျွန်တော် အထီးမကျန်ဘူး။ သံစဉ်တွေထဲမှာ လွင့်မျောလိုက်ရင်း စီးချက်ကျ လှုပ်ရှားမှုတွေက ကျွန်တော့ အာရုံကို ဖမ်းစားတယ်။ ကျွန်တော်ကတာကိုရူးသွပ်ခဲ့လို့...ကျွန်တော် ဆယ့်လေးနှစ်မှာ မိဘတွေနဲ့ခွဲပြီး street danceတစ်ခုမှာ ဝင်ပြိုင်တဲ့အထိ ကျွန်တော် ရူးသွပ်စိတ်ဝင်စားတယ်။
ကျွန်တော့် ကြိုးစားမှုတွေအရာထင်ခဲ့တယ်။
ကျွန်တော် အသက် ဆယ့်ခြောက်နှစ်မှာ Korea boyband တစ်ခုမှာ ကျွန်တော် memberတစ်ယောက်ဖြစ်လာပြီး...အနုပညာလောကကို ဝင်ရောက်ခဲ့တယ်။ကျွန်တော် ဘာကိုသေချာဝါသနာပါမှန်းမသိပေမဲ့...
သေချာတာတစ်ခုကတော့ ကျွန်တော် ကနေရတဲ့ အချိန်တွေက ကျွန်တော့်အတွက်အကောင်းဆုံးအချိန်တွေပဲလို့လေ။
YOU ARE READING
''The Best Present''
FanfictionZhan Geနဲ့တွေ့ဆုံခွင့်ရခဲ့တဲ့ ကံကြမ္မာကြီးကို ကျွန်တော်အရမ်းကျေးဇူးတင်တာပဲဗျာ။ ။